ပန်းဘဲတန်းမြို့နယ်တွင် ဝိုင်ဘီအက်စ်ယာဉ်ပေါ်ပါ ခရီးသည်များထံမှ ငွေများနှိုက် ယူခဲ့သည်ဆိုသူ ၂ ဦးကို ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း အောက်တို ဘာ ၁၈ ရက် တွင် သတင်းထုတ်ပြန်သည်။
အောက်တိုဘာ ၁၆ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်ခန့်တွင် ပန်းဘဲတန်းမြို့နယ်၊ (၆)ရပ်ကွက်၊ ကုန် သည်လမ်းနှင့် လမ်း(၃၀)ထောင့်ရှိ ကားမှတ်တိုင်သို့ YBS ယာဉ်လိုင်းအမှတ် (၅၆)ယာဉ်ပေါ်မှ ဆင်း လာသည့် မသင်္ကာသူ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ၊ (က)ရပ်ကွက် အာသာဝတီလမ်းနေ ခင်မောင် (ခ)စလင်း(ခ)မိုးဇက်(၅၄)နှစ်နှင့် ကျောက်တံတားမြို့နယ် (၉)ရပ်ကွက် လမ်း၄၀(အောက်)နေသူ တို့ကို တွေ့ရှိသဖြင့် ထိန်းသိမ်းစစ်ဆေးခဲ့သည်။
ခင်မောင်(ခ)စလင်း(ခ)မိုးဇက် လွယ်ထားသည့် Laestatစာတန်းပါ အနက်ရောင်ဘေးလွယ်အိတ် အတွင်းမှ ငွေကျပ် ၄၈၀၀၀ နှင့်ဇော်မင်းထွန်း(ခ)အီလီယက် လွယ်ထားသည့် အနက်ရောင်ဘယ် လွယ်အိတ်အတွင်းမှ ငွေကျပ် ၅၇၀၀၀ တို့ကို ရှာဖွေတွေ့ရှိရ၍ အဆိုပါငွေများနှင့်ပတ်သက်၍ စစ်မေးခဲ့သည်။
စစ်ဆေးချက်အရ ၎င်းတို့ ၂ ဦးသည် YBS (၅၆)ယာဉ်ပေါ် လိုက်ပါစီးနင်းလာစဉ် မွန်းတည့် ၁၂ နာရီအချိန် ပန်း ဘဲတန်း မြို့နယ်ကုန်သည်လမ်း နှင့်လမ်း(၃၀)မှတ်တိုင်တွင်ယာဉ်ပေါ်ပါ အသက်(၅၀)နှစ်ခန့်ရှိ အမျိုး သမီးတစ်ဦး လွယ်ထားသည့် စလင်း ဘတ်အိတ်အတွင်းမှ ဇော်မင်းထွန်း(ခ)အီလီယက်က လူကာ ပေးပြီး ခင်မောင် (ခ)စလင်း(ခ)မိုးဇက်က ဇစ်ဖွင့်ကာ ကျပ် ၅၇၀၀၀ ကို နှိုက်ယူခဲ့ကြောင်း၊ ၎င်းနှင့် အတူပါလာသူဇော်မင်းထွန်း(ခ)အီလီယက်ထံအပ်ထားခဲ့ကြောင်း၊ မွန်းလွဲ ၁ နာရီအချိန်YBS (၅၆) ယာဉ်ပေါ်ပါ အသက် ၄ဝနှစ်ခန့်ရှိ အမျိုးသမီး တစ်ဦးလွယ်ထားသည့်စလင်းဘတ်အိတ်အား ဇော်မင်းထွန်း (ခ)အီလီယက်က လူကာပေးပြီး ခင်မောင်(ခ) စလင်း(ခ)မိုဇက်က ဇစ်ဖွင့်၍ ကျပ် ၄၈၀၀၀ ကို အသီးသီးနှိုက်ယူခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။
သက်ဆိုင်ရာက ၄င်းတို့နှိုက်ယူခဲ့သည့် ငွေများကိုသိမ်းဆည်းကာ အခြားအမှုများကျူးလွန် ထားခြင်းရှိမရှိ ဆက်လက်စစ်ဆေးလျက်ရှိသည်။

















