ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင် ကျွန်းမြို့တွင် နှစ်စဉ် စည်ကားသိုက်မြိုက်စွာ ကျင်းပမြဲဖြစ်သော (၈၆)ကြိမ်မြောက် မော် လမြိုင်ကျွန်းမြို့ တာဝတိံသာဘုရား ဝါကျွတ် ဘုရားဆင်းပွဲတော်ကို တာဝတိံသာ ဂေါပက အဖွဲ့ကကြီးမှူး၍ သီတင်းကျွတ်လဆန်း ၁၄ ရက်နေ့မှ သီတင်းကျွတ်လပြည့်ကျော် ၂ ရက် နေ့အထိ တစ်မူထူးခြား စည်ကားစွာ လေးရက် တိုင်တိုင် ကျင်းပသွားမည်ဖြစ်သည်။
ကပ်လှူပူဇော်
ယင်းမော်လမြိုင်ကျွန်းမြို့ တာဝတိံသာ ဘုရားဆင်းပွဲတော် ဖွင့်ပွဲအခမ်းအနားကို သီတင်းကျွတ်လဆန်း ၁၄ ရက် ညနေ ၅ နာရီ တွင်လည်းကောင်း၊ သီတင်းကျွတ်လပြည့်နေ့ တွင် ဆီမီးတစ်ထောင်၊ ပန်းတစ်ထောင်၊ သစ်သီးတစ်ထောင် ကပ်လှူပူဇော်ပွဲကိုလည်း ကောင်း၊ သီတင်းကျွတ်လပြည့်ကျော် ၁ ရက် ည ၈ နာရီတွင် တာဝတိံသာမြတ်စွာဘုရား သည် တာဝတိံသာနတ်ပြည်မှ သင်္ကဿနဂိုရ် လူ့ပြည်သို့ ဆင်းသကြွ်ကမြန်းပုံများကိုလည်း ကောင်း၊ သီတင်းကျွတ်လပြည့်ကျော် ၂ ရက် မွန်းတည့် ၁၂ နာရီတွင် တာဝတိံသာမြတ်စွာ ဘုရားသည် သိကြား၊ နတ်၊ ဗြဟ္မာများခြံရံလျက် မော်လမြိုင်ကျွန်းမြို့တွင်းသို့ ဒေသစာရြွီကချီ အပူဇော်ခံပွဲကိုလည်းကောင်း ကျင်းပမည်ဖြစ်ပြီး ညပိုင်းတွင် တာဝတိံသာဘုရားတန်ဆောင်း၌ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တအဂ္ဂဝံသက တာဝတိံသာဘုရားဆင်းပွဲ တော် အောင်ပွဲအထိမ်းအမှတ် ရေစက်ချတရား ပွဲကို လည်းကောင်း ကျင်းပသွားမည်ဖြစ်သည်။
ပျော်ပွဲဆင်နွှဲ
တာဝတိံသာ ဘုရားဆင်းပွဲတော်သို့ လာ ရောက်ကြသော အနယ်နယ်အရပ်ရပ်မှဘုရားဖူး ပြည်သူများ စိတ်ချမ်းမြေ့စွာ ဘုရားဖူးမြော် နိုင်ရေး၊ ကျန်းမာရေး၊ လုံခြုံရေးနှင့် ပျော်ပွဲ ရွှင်ပွဲတို့အား ကြိုတင်စီစဉ်ဆောင်ရွက်ထား ကြောင်း သိရသည်။















