ဖဲရှုံးသဖြင်​့ သုံးလသားအရွယ်​ ကလေးငယ်အား ယွမ်​ ငါး​ထောင်​ဖြင်​့ ​ရောင်​းစားသူမိခင်​ကို လူကုန်​ကူးမှုဖြင်​့ အ​ရေးယူ

ဖဲရှုံးသဖြင်​့ သုံးလသားအရွယ်​ ကလေးငယ်အား ယွမ်​ ငါး​ထောင်​ဖြင်​့ ​ရောင်​းစားသူမိခင်​ကို လူကုန်​ကူးမှုဖြင်​့ အ​ရေးယူ

ကချင်​ပြည်​နယ်​ လွယ်​ဂျယ်​မြို့တွင်​ ဖဲရှုံး၍  သုံးလသားအရွယ်​ သားငယ်​ကို တရုတ်​​ယွမ်​​ငွေ ငါး​ထောင်​ဖြင်​့  ​​ရောင်​းစားခဲ့သည်​ဆိုမှုကို လူကုန်​ကူးမှုဥ​ပ​ဒေအရ အမှုဖွင်​့အ​ရေးယူခဲ့​ကြောင်​း လွယ်​ဂျယ်​နယ်​​မြေရဲစခန်​းမှ သိရသည်​။

 ​အောက်​တိုဘာ ၁၈ ရက်​ နံနက်​ ၉ နာရီခန်​့က အမှတ်​(၁)ရပ်​ကွက်​​နေ အမျိုးသားကြီး၏​အိမ်​တွင်​ ငှားရမ်​း​နေထိုင်​သည်​့ မမိုးမိုးက​(၃)လသားအရွယ်​ သားဖြစ်​သူကို ​ရောင်​းစားပြီး ထွက်​​ပြေးသွား​ကြောင်​း အိမ်ရှင်အမျိုးသားကြီးက လွယ်​ဂျယ်​မြို့ လူကုန်​ကူးမှုတားဆီးနှိမ်​နင်​း​ရေးရဲတပ်​ဖွဲ့တပ်​ဖွဲ့စိတ်​(၂)ရုံးသို့ ​တိုင်​ကြားခဲ့သည်​။

အဆိုပါတိုင်​ကြားမှုကို  ဒုရဲအုပ်​ထွန်​းနိုင်​လင်​းက လွယ်​ဂျယ်​-ဗန်​း​မော်​လမ်​း​ကြောင်​း​ပေါ်ရှိ စိန်​လုံပူး​ပေါင်​းစစ်​​ဆေး​ရေးဂိတ်​သို့ ဆက်​သွယ်​ပိတ်​ဆို့ခဲ့ရာ  ဗန်​း​မော်​စတားခရီးသည်​ယာဉ်​လိုင်​း​ပေါ်၌ ​နံနက်​ ​၁၁ နာရီခန်​့တွင်​​ ​ကျောက်​ဆည်​မြို့နယ်​​နေ မမိုးမိုး ၂၇ နှစ်​ကို တွေ့ရှိ ဖမ်​းဆီးခဲ့သည်​။

၄င်​းကိုစစ်​​ဆေးချက်​အရ လွယ်​ဂျယ်​မြို့၌​ခေတ္တ​နေထိုင်​ပြီး ၎င်းသည်​ မြန်​မာ-တရုတ်​နယ်​စပ်​ရှိ တုန်​ဟုန်​း(ရှမ်​း)ရွာတွင်​ တရုတ်​ဖဲ သွား​ရောက်​ကစားစဉ်​ ဖဲရှုံးခဲ့ပြီး အသက်​ ၃ လသားအရွယ်​ သားဖြစ်​သူ သုတ​အောင်​ ကို ယွမ်​​ငွေ ၅၀၀၀ ဖြင်​့တုန်​ဟုန်​း​(ရှမ်​း)ရွာ​နေ ဦးရာပါအင်​-​ဒေါ်ပီကြည်​ တို့လင်​မယားထံ ​ရောင်​းစားခဲ့​ကြောင်​း၊ ထို့​နောက်​ တရုတ်​နိုင်​ငံ လားရင်​းမြို့တွင်​​စျေးဝယ်​​နေစဉ်​ တရုတ်​အမျိုးသမီးတစ်​ဦးက က​လေးအား ချီထိန်​းရင်​း ​ခေါ်ယူထွက်​​ပြေးသွားသည်​ဟု ပတ်​ဝန်​းကျင်ကို  လိမ်​ညာပြီး လွယ်​ဂျယ်​မြို့မှ ထွက်​​ပြေးလာစဉ်​ ဖမ်​းဆီးခံရခြင်​းဖြစ်​​ကြောင်​း စစ်​​ဆေး​ပေါ်​ပေါက်​ခဲ့သည်​။

လွယ်​ဂျယ်​မြို့ လူကုန်​ကူးမှုတားဆီးနှိမ်​နင်​း​ရေးရဲတပ်​ဖွဲ့တပ်​ဖွဲ့စိတ်​(၂)ရုံးမှတရုတ်​နိုင်​ငံ၊ လားရင်​းရဲတပ်​ဖွဲ့နှင်​့ချိတ်​ဆက်​ကာ တရုတ်​နိုင်​ငံရဲတပ်​ဖွဲ့အကူအညီဖြင်​့ တုန်​ဟုန်​း​ကျေးရွာအတွင်​း​ရေးမှူးစိုင်​း​ခေးလင်​းကို တရုတ်​နိုင်​ငံ၊ ​နောင်​ဟုန်​း​ကျေးရွာသို့ ​ခေါ်​ဆောင်​ညှိနှိုင်​းပြီး ​နောက်​ ​အောက်​တိုဘာ ၁၈ ရက်​​နေ့ ည​နေ၅ နာရီတွင်​ က​လေးငယ်​ကို  ပြန်​လည်​ကယ်​တင်​နိုင်​ခဲ့​သော​ကြောင်​့ သားငယ်​ကို ​ရောင်​းစားသူ မိုးမိုး(၂၇)နှစ်​ကို အ​ရေးယူ​ပေးရန်​တိုင်​ကြားခဲ့သည်​။

 လွယ်​ဂျယ်​နယ်​​မြေရဲစခန်​းက (ပ)၂၉/၁၈လူကုန်​ကူးမှုတားဆီးနှိမ်​နင်​း​ရေးဥပ​ဒေပုဒ်​မ ၂၄ အရ ဖမ်​းဆီးအ​ရေးယူထား​သည်​။