ကမ္ဘောဒီးယားတွင် ယခုနှစ်ပထမကိုးလအတွင်း ဆောက်လုပ်ရေးကဏ္ဍရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၅ဘီလီယံခန့်ရှိလာ ကြောင်း၊ ယမန်နှစ်ကာလတူထက် တစ်ဘီလီယံဒေါ်လာခန့် ကျဆင်းကြောင်း မြေယာစီမံခန့်ခွဲရေး၊မြို့ပြ ဖွံ့ဖြိုးရေးစီမံကိန်းနှင့် ဆောက်လုပ်ရေးဝန်ကြီး ဌာနက အောက်တိုဘာ ၁၈တွင်ထုတ်ပြန်သည်။
အဆိုပါဆောက် လုပ်ရေးများမှာ စုစုပေါင်းဧရိယာ စတုရန်းမီတာ၁၁သန်းတွင် ဆောက်လုပ်ရေးစီမံကိန်း ၂၅၄၁ခု တည်ဆောက်ခဲ့ခြင်း ဖြစ်ရာ ၂၀၁၇ ခုနှစ်က စတုရန်းမီတာ ၉ သန်းတွင် ဆောက်လုပ်ရေးစီမံကိန်း ၂၅၂၂ခု တည်ဆောက်ခဲ့ခြင်းနှင့် နှိုင်းယှဉ်ကြည့်နိုင်သည်။
အဆိုပါ စုစုပေါင်းဧရိယာ စတုရန်းမီတာ ၁၁ သန်းတွင် ဆောက်လုပ်ရေးစီမံကိန်း ၂၅၄၁ခု တည်ဆောက်ခဲ့ရာတွင် စီမံကိန်း ၂၂၄ခုသာ ဝန်ကြီးဌာနက ကြီးကြပ်ပြီးကျန်သည်များကို သက်ဆိုင်ရာဒေသဆိုင်ရာ မြူနီစီပယ် ရုံးများက ကြီးကြပ်ကြောင်းဆိုသည်။
ကမ္ဘောဒီးယားစီးပွားရေးတိုးတက်မှု ၏ဒေါက်တိုင်ကြီးလေးခုတွင် ဆောက်လုပ်ရေးကဏ္ဍ ရင်းနှီးမြှုပ်နှံမှုလည်းပါဝင်သည်။ ဆောက်လုပ်ရေးကဏ္ဍက နိုင်ငံအဝှမ်းနေ့စဉ် အလုပ်သမား နှစ်သိန်းခန့်အား အလုပ်အကိုင် ပေးထားပြီး ဖနောင်ပင်တွင်ပင် အလုပ်သမား ၉၀ဝ၀ဝ ခန့်အား အလုပ်အကိုင် ပေးထားသည်။
အစီရင်ခံစာအရ အခြေခံလုပ်သားများမှာ တစ်ရက်လုပ်ခ ၁၀ ဒေါ်လာခန့်ရပြီး အင်ဂျင်နီယာ၊ဗိသုကာ များမှာ ဒေါ်လာ၄၀ဝမှ ၂၅၀ဝအထိ ရရှိသည်။
















