ဂျပန်၌ကစားရန် ဘော်လီဘောကစားသမား အောင်သူထွက်ခွာ
ပြီးခဲ့သည့် ၁၈ကြိမ်မြောက်အာရှအားကစားပြိုင်ပွဲ၌ မြန်မာဘော်လီဘောအသင်းနှင့်အတူ လက်စွမ်းပြကစားနိုင်ခဲ့သည့် အောင်သူသည် ဂျပန်ကလပ် တိုရေးအသင်းတွင် ခုနှစ်လ အငှားသွားရောက်ကစားရန် အောက်တိုဘာ ၁၈ရက်က ထွက်ခွာသွားခဲ့သည်။
မြန်မာ့လက်ရွေးစင်ဘော်လီဘောကစားသမား အောင်သူသည် ထိုင်းကလပ် နခွန်ရတ်ချာစီမာအသင်းတွင် နောက်ဆုံးကစားခဲ့ပြီး ထိုင်း၊ဗီယက်နမ်ကလပ်များတွင်လည်း ပရိုုကစားသမားဘဝကို ဖြတ်သန်းခဲ့သူဖြစ်သည်။
ပြီးခဲ့သည့် အာရှအားကစားပြိုင်ပွဲတွင် အောင်သူမှာ လက်စွမ်းပြကစားနိုင်ခဲ့သောကြောင့် ပြည်ပကလပ်များမှ ၎င်းကိုခေါ်ယူရန် ဆက်သွယ်ကမ်းလှမ်းခဲမှုများရှိခဲ့သည့်အနက် အောင်သူက ဂျပန်ကလပ် တိုရေးကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။















