မြို့ပတ်ရထားလမ်းဘေးရှိ အမှိုက်များကို အမှိုက်သိမ်းရထားဖြင့် သိမ်းယူမည်

မြို့ပတ်ရထားလမ်းဘေးရှိ အမှိုက်များကို အမှိုက်သိမ်းရထားဖြင့် သိမ်းယူမည်

ရန်ကုန်တိုင်းဒေသကြီး မြို့ပတ်ရထားလမ်းတစ်လျှောက်ရှိ အမှိုက်ပုံများကို အမှိုက်သိမ်းရထားဖြင့် နိုဝင်ဘာတွင် သိမ်းယူသွားနိုင်ရန် ပြုလုပ်နေကြောင်းကို မြန်မာ့မီးရထားမှ စီမံကိန်းအထွေထွေ မန်နေဂျာ ဦးဘမြင့်က အောက်တိုဘာ ၂၀ ရက်က ရန်ကုန်ဘူတာကြီးတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ပြောဆိုသည်။ 

''အမှိုက်တွေများလာရင်ပြည်သူတွေရဲ့ ကျန်းမာရေးထိခိုက်နိုင်တယ်။ ပြီးတော့နိုင်ငံခြားသားတွေအတွက် ရထားလမ်းတစ်လျှောက်ဆွဲဆောင်မှုရှိစေချင်တဲ့ ရည်ရွယ်ချက်နဲ့လုပ်တာပါ။'' ဟု ဦးဘမြင့်က ဆိုသည်။

ယင်းအမှိုက်သိမ်းရထားကို နိုဝင်ဘာလအတွင်း ထွက်နိုင်ရန်မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ၊ လွှတ်တော်ကိုယ်စားလှယ်များပြည်သူများနှင့်လည်း ညှိနှိုင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဆိုသည်။

"ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းမှာ အမှိုက်ပုံကြီး ၂၆ ပုံရှိပြီး အမှိုက်ပုံလေးတွေလဲ ရှိပါတယ် ။ အမှိုက်သိမ်းရထားနဲ့ အမှိုက်သိမ်းတဲ့အခါမှာ မလွှကုန်းဘူတာနဲ့ မင်္ဂလာဒုံရထားလမ်းပိုင်းမှာရှိတဲ့ အမှိုက်တွေကို ဦးစားပေးသွားမှာဖြစ်ပါတယ် " ဟု ၎င်းက ပြောသည်။

ရန်ကုန်မြို့ပတ်ရထားလမ်းတစ်လျှောက် အမှိုက်သိမ်းခြင်းလုပ်ငန်းသည်  ၂၉ မိုင်ရှိပြီး ၁ မိုင်လျှင် လုပ်သား နှစ်ဦးနှုန်းဖြင့် ၂၉ မိုင်အတွက် တစ်ရက်လျှင်လုပ်သားအင်အား ၅၈ဦး ၊ တစ်လလျှင် လုပ်သားအင်အား ၁၆၂၄ ဦးဖြင့် ဆောင်ရွက်သွားမည်ဖြစ်သည်။

 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး