ပထမအကြိမ် ရန်ကုန် -နေပြည်တော် အထူးရထားပြေးဆွဲမည်

ပထမအကြိမ် ရန်ကုန် -နေပြည်တော် အထူးရထားပြေးဆွဲမည်

သီတင်းကျွတ်ရုံးပိတ်ရက်အတွင်း ပထမအကြိမ် ရန်ကုန် - နေပြည်တော် အထူးရထားကို အောက်တိုဘာ ၂၂ ရက်နှင့် ၂၅ ရက်တွင် ပြေးဆွဲပေးမည်ဖြစ်ကြောင်း မြန်မာ့မီးရထား (နေပြည်တော်)ရုံးချုပ်မှ တာဝန်ရှိသူတစ်ဦးက အောက်တိုဘာ ၂၀ ရက်က ပြောသည်။ 

လက်ရှိအချိန်တွင်လည်း ပုံမှန်ပြေးဆွဲနေသည့် ရန်ကုန် - နေပြည်တော် ရထားနှစ်စီးအပြင် ခရီးသွားပြည်သူများအဆင်ပြေစေရန်အတွက် အထူးရထားတစ်စီးဖြင့် ပြေးဆွဲပေးရခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ 

" ရန်ကုန် -နေပြည်တော် အထူးရထားပြေးဆွဲပေးသွားမှာပါ။ ၂၂ ရက်နေ့ ည ၉ နာရီ မိနစ် ၃၀ မှာက နေပြည်တော် - ရန်ကုန် ပြေးဆွဲပေးမယ် ။ ၂၅ ရက်နေ့ ည ၉ နာရီ မိနစ် ၃၀ မှာတော့ ရန်ကုန် - နေပြည်တော် ရထားပြေးဆွဲပေးသွားမှာပါ ။ အခုက ပထမ အကြိမ်ပြေးဆွဲ ပေးတာပါ ။ ပိတ်ရက် ရှည်တဲ့ အတွက် ပြေးဆွဲပေးတာပါ ။ အခြားရက်မှာလဲ ရန်ကုန် -နေပြည်တော် ပုံမှန်ပြေးဆွဲပေးနေတဲ့ ရထားကိုလည်း မရပ်သွားဘူး။ မနက်ပိုင်းတစ်စီး၊ ညနေတစ်စီးနဲ့ပြေးဆွဲပေးမှာပါ " ဟု ၎င်းက ပြောသည်။

ရန်ကုန် - မန္တလေး ခရီးသည်တင်ရထားစီးရေ ရှစ်စီးရှိပြီး ရန်ကုန် - နေပြည်တော်ခရီးသည်တင်ရထားစီးရေ ၂စီးဖြင့် ပုံမှန်ပြေးဆွဲပေးလျက်ရှိသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး