တရုတ်ငွေ သန်းနှစ်ဆယ်လိမ်လည်မှုဖြင့် အလိုရှိနေသူကို မြန်မာနိုင်ငံ၌ ဖမ်းမိ

တရုတ်ငွေ သန်းနှစ်ဆယ်လိမ်လည်မှုဖြင့် အလိုရှိနေသူကို မြန်မာနိုင်ငံ၌ ဖမ်းမိ

တရုတ်ငွေယွင် သန်းနှစ်ဆယ်လိမ်လည်မှုဖြင့် အလိုရှိနေသူတစ်ဦးကို မြန်မာနိုင်ငံအတွင်း လေကြောင်းရဲတပ်ဖွဲ့ခွဲ (မန္တလေး)က ဖမ်းဆီးခဲ့ပြီး တရုတ်နိုင်ငံသို့ လွှဲပြောင်းရန် စီစဉ်လျက်ရှိသည်။ 

အောက်တိုဘာလ ၁၉ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ် ပြည်ပထွက်ခွာဆောင်တွင် Bangkok Airways လေကြောင်းလိုင်းဖြင့် ထိုင်းနိုင်ငံသို့ လိုက်ပါမည့် ခရီးသည် တရုတ်နိုင်ငံသား Mr.Wang Anqiao(၃၉)နှစ်ကို လေကြောင်းရဲတပ်ဖွဲ့ခွဲ (မန္တလေး)က ဖမ်းဆီးခဲ့သည်။ 

၄င်းသည် တရုတ်နိုင်ငံတွင် ငွေလွှဲအပ်စာချုပ်အတုဖြင့် တရုတ်ငွေယွင် သန်း နှစ်ဆယ်လိမ်လည်မှုဖြင့် တရုတ်နိုင်ငံရဲတပ်ဖွဲ့က အလိုရှိနေသူတစ်ဦးဖြစ်ပြီး ကူညီ ဖမ်းဆီးပေးရန် အကြောင်းကြားထားသူဖြစ်သည်။

ဖမ်းဆီးရမိသူ Mr.Wang Anqiao ကို ပူးပေါင်းတပ်ဖွဲ့ဝင်များက တရုတ်နိုင်ငံဘက်သို့ လွှဲပြောင်းရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး