မြန်မာအမျိုးသားလေကြောင်းလိုင်းမှ ယာယီရပ်ဆိုင်းထားသော ခရီးစဉ်အချို့ အောက်တိုဘာ ၂၂ ရက်(ယနေ့)တွင် ပြန်လည်ပြေးဆွဲပေးမည်

မြန်မာအမျိုးသားလေကြောင်းလိုင်းမှ ယာယီရပ်ဆိုင်းထားသော ခရီးစဉ်အချို့ အောက်တိုဘာ ၂၂ ရက်(ယနေ့)တွင် ပြန်လည်ပြေးဆွဲပေးမည်

မြန်မာအမျိုးသားလေကြောင်းလိုင်းမှ အောက်တိုဘာ ၂၁ ရက်၌ သံတွဲ-ကျောက် ဖြူ-စစ်တွေ၊ ဟဲဟိုး-မိုင်းဆတ်-ဟဲဟိုး လေကြောင်းခရီးစဉ်များကို အောက်တိုဘာ ၂၂ ရက်(ယနေ့)သို့ ရက်ရွှေ့ပြောင်းထားကြောင်း မြန်မာအမျိုးသား လေကြောင်းလိုင်းမှ တာဝန်ရှိသူတစ်ဦးက အောက်တိုဘာ ၂၁ ရက်၌ ပြောဆိုသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းမှ ATR လေယာဉ်တစ်စင်း အင်ဂျင်လက်ကျန်နာရီမလုံလောက်မှုကြောင့် အောက်တိုဘာ ၂၁ ရက် ခရီးစဉ်အချို့ကို ယာယီဖျက်သိမ်းပြီး အောက်တိုဘာ ၂၂ ရက် သို့ ပြောင်းရွှေ့ထားကြောင်း ယင်းလေကြောင်း လိုင်းက မေတ္တာရပ်ခံအသိပေးထားသည်။

"ဟုတ်ပါတယ်၊ ကျွန်တော်တို့ ဒီနေ့လေ ကြောင်းလိုင်းကို ယာယီဖျက်သိမ်းလိုက်တာ ပါ။ အောက်တိုဘာ ၂၂ ရက်မှာတော့ ခရီးစဉ် ကို ပုံမှန်အတိုင်း ပြန်ပြီးပြေးဆွဲပေးသွားမှာ ပါ"ဟု ၎င်းက ပြောဆိုသည်။

အချိန်ပြောင်းလဲ

UB221/UB222 သံတွဲ-ကျောက်ဖြူ-စစ်တွေ၊ UB419/UB420 ဟဲဟိုး-မိုင်းဆတ်-ဟဲဟိုး၊ UB221/UB222 ရန်ကုန်-သံတွဲ-စစ်တွေ-သံတွဲ-ရန်ကုန်နှင့် UB419/UB420 ရန်ကုန်-ဟဲဟိုး-ရန်ကုန်ခရီးစဉ်များ ဆိုက် ရောက်/ထွက်ခွာချိန် ပြောင်းလဲမှုများပြုလုပ် ထားကြောင်း သိရသည်။

ခရီးစဉ် ၂၈ ခု

မြန်မာအမျိုးသားလေကြောင်းလိုင်းသည် လက်ရှိတွင် ပြည်တွင်းခရီးစဉ် ၂၈ ခုကို ပြေးဆွဲ ပေးနေပြီး ပြည်ပခရီးစဉ်များအနေဖြင့် ငါးနိုင်ငံ သို့ ပြေးဆွဲပေးလျက်ရှိသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး