ဒလမြို့ ညောင်ကုန်းရပ်ကွက်ရှိ မြို့နယ် လုံးဆိုင်ရာ ဇေယျသိဒ္ဓိစေတီတော် (သင်္ကြန် ဘုရားလေး)၏ ၁၃၈၀ ပြည့်နှစ် သီတင်းကျွတ် ပွဲတော်နှင့် (၄၁) ကြိမ်မြောက် အဘိဓမ္မာအခါ တော်နေ့အထိမ်းအမှတ် ဆီမီးပူဇော်ပွဲကို စည်း ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
မီးထွန်းပွဲတော်အား သီတင်းကျွတ်လဆန်း ၁၄ ရက်မှ လပြည့်ကျော် ၁ ရက် အောက်တိုဘာ ၂၃ ရက် (ယနေ့) မှ ၂၅ ရက်အထိ ညစဉ် ၇ နာရီတွင် စေတီတော်၏ရင်ပြင်နှင့် အရန်စေတီ တော်များ၌ ဆီမီး ၁၁၀ဝ၀ နှင့် လျှပ်စစ်မီးသီး ၁၅၀ဝ၀ ထွန်းညှိပူဇော်ကြမည်ဖြစ်သည်။
"ကျွန်တော်တို့ ပြီးခဲ့တဲ့နှစ်က ဆီမီးပူဇော် ပွဲသာ ကျင်းပခဲ့ပါတယ်။ ဒီနှစ် (၄၁) ကြိမ် မြောက်မှာတော့ ဆီမီး ၁၁၀ဝ၀ နဲ့ လျှပ်စစ်မီးသီး ၁၅၀ဝ၀ ထွန်းညှိပူဇော်မယ်။ ဒီသုံးရက်အတွင်း ရင်ပြင်တော်မှာ အာဟာရအကျွေးအမွေး အလှူရှင်တွေရှိတယ်။ ညပိုင်းမှာလည်း သုံးရက် လုံး ဓမ္မစကြာဝတ်အသင်းတွေက အဘိဓမ္မာ အခါတော်နေ့အထိမ်းအမှတ် ဝတ်ရွတ်ပူဇော် သွားမှာဖြစ်တယ်" ဟု ဂေါပကဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောဆိုသည်။















