ညီမကိုသတ်ကာ မိခင်ကို ဓားဖြင့်ထိုးပြီးနောက် မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်ခတ်သေဆုံး

ညီမကိုသတ်ကာ မိခင်ကို ဓားဖြင့်ထိုးပြီးနောက် မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်ခတ်သေဆုံး

ညီမကိုသတ်ကာ မိခင်ကို ဓားဖြင့်ထိုးပြီးနောက် မိမိကိုယ်ကိုယ် တူမီးသေနတ်ဖြင့်ပစ်ခတ် သေဆုံးခဲ့မှု ကျိုင်းတုံမြို့နယ်တွင် အောက်တိုဘာ ၂၁ ရက်က ဖြစ်ပွားခဲ့သည်။ 

အဆိုပါနေ့ ည ၈ နာရီ အချိန်ခန့်တွင် ရှမ်းပြည်နယ် အရှေ့ ပိုင်း ကျိုင်းတုံမြို့နယ်နောင်တောင်းကျေးရွာ အုပ်စု ဘာခွေ ၂ ကျေးရွာတွင် လူသတ်ဓားထိုးမှုဖြစ်ပွားကာ မိမိကိုယ်ကိုယ် တူမီးသေနတ်ဖြင့်ပစ်ခတ်မှုဖြစ်ပွားကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးက အကြောင်းကြားသဖြင့် ကျိုင်းတုံမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့သည်။ 

ရပ်ရွာအုပ်ချုပ်ရေးမှူးများကို အကြောင်းကြားခဲ့ပြီးနောက် သက်ဆိုင်ရာက ၄င်းနေအိမ်သို့သွားရောက်စစ်ဆေးစဉ် သားဖြစ်သူ ကျဖေ့(၂၅)နှစ်ကို နေအိမ်တဲပေါ် မီးဖိုဆောင်အတွင်း လျှာတွင် သေနတ်ဒဏ်ရာနှင့် တွေ့ရှိခဲ့ရသည်။ စကားမပြောနိုင်သဖြင့် ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးခဲ့ခြင်းဖြစ်သည်။ 

သက်ဆိုင်ရာ၏ စုံစမ်းချက်အရ အဆိုပါကျေးရွာရှိ ဦးကျဝသည် လယ်တောမှနေအိမ်သို့ပြန်လာစဉ် လမ်းခုလတ်၌ ဇနီးဖြစ်သူ ဒေါ်နားမွေ (၅၀ နှစ်)မှာ ဝမ်းဗိုက်ဓားဒဏ်ရာဖြင့် လဲကျငိုနေသည်ကို တွေ့ခဲ့ရခြင်းဖြစ်သည်။

ဦးကျဝ က ဇနီးဖြစ်သူ ဒေါ်နားမွေကို မေးမြန်းရာ သားဖြစ်သူ ကျဖေ့က ညီမဖြစ်သူ မနာကျိုးရီ(၂၄ နှစ်)ကို ဓားဖြင့်ခုတ်သတ်ခဲ့သည်ဟု ဆိုသည်။ထိုသို့ပြုမူစဉ် ၄င်းက တားမြစ်သောကြောင့် ကျဖေ့က ၎င်းကိုဓားနှင့်ထိုးခဲ့ကြောင်း ဓားဒဏ်ရာဖြင့် ထွက်ပြေးခဲ့ခြင်းဖြစ်ကြောင်း ပြောပြခဲ့သည်။ 

သေဆုံးသူ ကျဖေ့ အနီးမှ တူမီးသေနတ် ၂ လက်ကို သက်ဆိုင်ရာက သိမ်းဆည်းရမိခဲ့သည်။ ကျဖေ့ ၏ အလောင်း ကို သက်ဆိုင်ရာက စစ်ဆေးချက်အရ လည်ပင်းအပေါ်ရှိ လည်စလုပ်အထက်နေရာမှ နဖူးနေရာထိ တူမီးခဲသီးဖောက်ထွက်ဒဏ်ရာရရှိကာ သေဆုံးခဲ့ခြင်းဖြစ်သည်။ 

ကျိုင်းတုံမြို့မရဲစခန်းက (ပ)၄၈၀/၁၈ ၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၂၆ အရ အမှုဖွင့် အရေးယူထားသည်။