လာမည့်နှစ်ဘောလုံးရာသီအတွက် မြန်မာနေရှင်နယ်လိဂ်ကလပ်အသင်းများ ပြင်ဆင်လေ့ကျင့်ရန် သတ်မှတ်ထားသည့်ရက်များအား မြန်မာနေရှင်နယ်လိဂ်ပေ့ချ်မှ ထုတ်ပြန်ခဲ့သည်။
ထုတ်ပြန်ချက်များအရ လက်ရှိချန်ပီယံ ရန်ကုန်ယူနိုက်တက်မှာ နိုဝင်ဘာ ၁၅ရက်တွင်လည်းကောင်း၊ ရှမ်းယူနိုက်တက်မှာ နိုဝင်ဘာဒုတိယပတ်တွင်လည်းကောင်း၊ ဇွဲကပင်အသင်းမှာ နိုဝင်ဘာ ၁၅ ရက်တွင် လည်းကောင်းစတင်မည်ဖြစ်ပြီး တရုတ်ဖိတ်ခေါ်ပြိုင်ပွဲယှဉ်ပြိုင်ရမည့် ဟံသာဝတီအသင်းမှာ အောက်တိုဘာ၂၂က်က စတင်၍ လေ့ကျင့်နေပြီဖြစ်သည်။
ရတနာပုံအသင်းမှာ နိုဝင်ဘာ၁၈ရက်တွင် စတင်မည်ဖြစ်ပြီး ဆောက်သမ်းအသင်းမှာ နိုဝင်ဘာ၂၉ (သို့မဟုတ်)၃၀ရက်နှင့် မကွေးအသင်းမှာ နိုဝင်ဘာ၁၁ရက်တွင်ပြုလုပ်ရန် လျာထားသည်။ ဧရာဝတီအသင်းမှာ နိုဝင်ဘာ ၂ရက်တွင်လည်းကောင်း၊ရခိုင်ယူနိုက်တက်မှာ နိုဝင်ဘာနောက်ဆုံးပတ်တွင်လည်းကောင်း၊ စစ်ကိုင်းယူနိုက်တက်မှာ နိုဝင်ဘာ ဒုတိယပတ်တွင်လည်းကောင်းစတင်မည်ဖြစ်သည်။
နေရှင်နယ်လိဂ်-၂မှတန်းတက်လာခဲ့သည့် ဒဂုံအသင်းမှာ အောက်တိုဘာ၁၅ရက်ကတည်းက လေ့ကျင့်မှုများစတင်ခဲ့ပြီး လိဂ်-၂ချန်ပီယံရွိုင်ရယ်သန်လျင်အသင်း လေ့ကျင့်မည့်ရက်ကိုမှု သတင်းမထုတ်ပြန်သေးကြောင်း သိရသည်။















