ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးဧရိယာတိုးချဲ့ ခြင်း အထိမ်းအမှတ်ဖွင့်ပွဲ ကျင်းပမည်

ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးဧရိယာတိုးချဲ့ ခြင်း အထိမ်းအမှတ်ဖွင့်ပွဲ ကျင်းပမည်

ဧရိယာအကျယ်ပြန့်ဆုံးနှင့် ဧရာဝတီလင်းပိုင်အများဆုံးကျက်စားလျက်ရှိသည့် ထီးချိုင့်မြို့နှင့်ရွှေကူမြို့ကြား ဧရာဝတီမြစ်အပိုင်းကို ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးဧရိယာအဖြစ် တိုးချဲ့ထားသည်ဖြစ်ရာ ဧရိယာတိုးချဲ့  ခြင်း အထိမ်းအမှတ်ဖွင့်ပွဲကို အောက်တိုဘာ၂၇ရက်တွင် ကသာမြို့ကမ်းနားလမ်းဗျူးပွိုင့်၌ ကျင်းပမည်ဖြစ်ကြောင်း ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေး စီမံကိန်းမန်နေဂျာ ဦးကျော်လှသိန်းက ပြောသည်။ 

``၂၀၁၈ခုနှစ် ဖေဖော်ဝါရီလစစ်တမ်းကောက်ထားချက်အရ ဧရာဝတီလင်းပိုင်(၇၆) ကောင်ရှိပါတယ်။၂၀၁၆ခုနှစ် ဖေဖော်ဝါရီလ စစ်တမ်းက(၆၅)ကောင်၊ ၂၀၁၇ခုနှစ်ဖေဖော်ဝါရီလ စစ်တမ်းမှာ(၆၉)ကောင်ရှိတော့၂၀၁၈ခုနှစ်မှာ အကောင်ရေတိုးတယ်လို့ ပြောရင်ရပါတယ်။ အခုလာမယ့်၂၀၁၉ခုနှစ် ဖေဖော်ဝါရီလမှာကောက်မယ့် စစ်တမ်းကတော့ ဘယ်နှကောင်ရှိမယ်မသိဘူး။သေဆုံးသွားတာတွေရှိသလို ထပ်ပေါက်ဖွားလာတာတွေလည်း ရှိတယ်´´ဟု ၎င်းက ပြောသည်။ 

ယခုဖွင့်လှစ်မည့် ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးဧရိယာသည် ထိန်းသိမ်းရေးအရှိန်အဟုန်ကို မြှင့်တင်နိုင်ခဲ့သည့် ဧရာဝတီမြစ်အတွင်းဒုတိယမြောက်သတ်မှတ်နိုင်မည့် နယ်မြေဖြစ်သည်။

မန္တလေးနှင့်ကျောက်မြောင်းကြားဧရာဝတီ လင်းပိုင်ထိန်းသိမ်းရေးဧရိယာအဖြစ် (၂၀ဝ၅)ခုနှစ်က ပထမဆုံးသတ်မှတ်ထိန်းသိမ်းခဲ့ခြင်းဖြစ်ကြောင်း ဦးကျော်လှသိန်းက ဆိုသည်။

လက်ရှိတွင် ဧရာဝတီမြစ်တစ်လျှောက် မန္တလေးမြို့မှ ရွှေဘိုမြို့နယ်ကျောက်မြောင်းအထိ လင်းပိုင်(၂၆)ကောင်၊ မလည်ရွာမှရွှေကူမြို့အကြားတွင် လင်းပိုင်(၃၇)ကောင်နှင့် ဧရာဝတီဆင်ခံတံတားမှ ဗန်းမော်မြို့အထိ လင်းပိုင်(၁၃)ကောင် စုစုပေါင်း(၇၆)ကောင် သဘာဝအတိုင်းနေထိုင်ကျက်စားလျက်ရှိသည်။

ဧရိယာတိုးချဲ့မည့်ထီးချိုင့်မြို့နှင့် ရွှေကူမြို့ကြားရှိကျေးရွာများသည် လူထုအခြေပြုခရီးသွားလုပ်ငန်းဆောင်ရွက် နိုင်မည့်အခြေအနေကောင်းများရှိနေသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး