လောက်ကိုင်တွင် ကျပ် သိန်း ၁၅၀၀ ခန့်တန်ဖိုးရှိ စိတ်ကြွဆေးပြားများနှင့်အတူတွေ့ရှိသူ ၃ ဦးကို ဖမ်းဆီး

လောက်ကိုင်တွင် ကျပ် သိန်း ၁၅၀၀ ခန့်တန်ဖိုးရှိ စိတ်ကြွဆေးပြားများနှင့်အတူတွေ့ရှိသူ ၃ ဦးကို ဖမ်းဆီး

လောက်ကိုင်မြို့နယ်တွင် ကျပ်သိန်း ၁၅၀၀ ခန့် တန်ဖိုးရှိ စိတ်ကြွဆေးပြားများနှင့်အတူ တွေ့ရှိသူ ၃ ဦးကို သက်ဆိုင်ရာက အောက်တိုဘာ ၂၂ ရက်တွင်ဖမ်းဆီးခဲ့သည်။

အဆိုပါနေ့ ညနေ ၅ နာရီခွဲ အချိန်တွင် လောက်ကိုင်မြို့၊ ရပ်ကွက်(၂)၊ စိအော လမ်းနှင့် မင်ဆူလမ်းသွယ်(၂)ထောင့်တွင် မူးယစ်တပ်ဖွဲ့စု ၂၁ မှတပ်ဖွဲ့ ဝင်များ ပါဝင်သည့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့ဝင်များက မသင်္ကာဖွယ်တွေ့ရှိသူ လိဝိန်ပင်း ၂၃ နှစ်နှင့် လီကော်မြင် ၃၀ နှစ် တို့ ၂ ဦးကို သတင်းအရ ရှာဖွေစစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးစဉ် ၎င်းတို့ ကိုင်ဆောင်ထားသည့် ကြွပ်ကြွပ်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၉၇၅၀ဝ ပြား  (ကျပ် ၁၄၆၂၅၀ဝ၀ တန်ဖိုးရှိ)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့ ကိုတွေ့ရှိ သိမ်းဆည်းခဲ့သည်။

ဆက်လက်စုံစမ်းချက်အရ အမှုမှ ကွင်းဆက်တရားခံဖြစ်သော လောက်ကိုင်မြို့ရှိ ထန်ရိပ် KTV ဆိုင် စာရင်းကိုင်ဆောင်ရွက်နေသူ ရန်ကော်ကျင်း ၂၅ နှစ် ကို ဆက်လက်ဖမ်းဆီးခဲ့သည်။

၎င်းတို့နှစ်ဦးကို လောက်ကိုင်မြို့မရဲစခန်း မယ(ပ)၄/၁၈၊ မူးယစ် ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က)/၂၁အရ အမှုဖွင့် အရေးယူထားသည်။