လက်ရှိတွင်ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် ရန်ကုန်နှင့်အနီးတစ် ဝိုက်တွင် မိုးကြီးမည်ဖြစ်ကြောင်း ပဲခူးမြစ်ရေသည်လည်း ပဲခူးမြို့တင် စိုးရိမ်ရေမှတ်အောက် ၂ ပေခွဲခန့်ရောက်ရှိနေပြီး ထိုမြစ်ရေသည် ၂၄ နာရီအတွင်း စိုးရိမ်ရေမှတ်ရောက်မည်ဖြစ်ပြီး ရေကြီးရေလျှံအန္တရာယ်များလည်း သတိပြုနေထိုင် သင့်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြား မှုဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ်ဒေါက်တာကျော်မိုးဦးက အောက်တိုဘာ ၂၃ ရက်၌ပြောဆိုသည်။
" လေဖိအားနည်းရပ်ဝန်းက နောက်နှစ်ရက်လောက်ထိ မိုးရွာအုံးမယ် ။ ပဲခူးမြစ်ရေက တစ်ရက်ထဲနဲ့ ၃၀ဝ စင်တီမီတာ ကျော်လောက်တက်သွားတယ် ။ စိုးရိမ်ရေမှတ်ရောက်ဖို့အတွက်ကို ၈၇ စင်တီမီတာလောက်ပဲလိုတာပေါ့နော်။ ပဲခူးနဲ့ စစ်တောင်းမြစ်ကြားမှာ ၁၈ နာရီလောက်ကြာတယ် ။ အဲ့ဒါကြောင့်မိုလို့ကျွန်တော်တို့ သတိပြုနိုင်ဖို့အတွက်နဲ့ ကြိုတင်ပြင်ဆင်ဖို့အတွက် ထုတ်ပြန်တာပါ ။ ကျန်တဲ့မြစ်တွေက စိုးရိမ်ရေမှတ်မရောက်သေးဘူး" ဟု ၎င်းကပြောဆိုသည်။
မြစ်ဝကျွန်းပေါ် ဒေသတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း သည် မြစ်ဝကျွန်းပေါ် ဒေသနှင့် ယင်း နှင့် ဆက်စပ်လျက် ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဆက်လက် တည်ရှိနေသည်။
ယင်း လေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့် နေပြည်တော်၊ မန္တလေးတိုင်းဒေသ ကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် နေရာစိပ်စိပ် မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက် ၍ မိုးကြီးနိုင်ကြောင်း ၊ မြန်မာ့ကမ်းရိုး တန်းတစ် လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် ရံဖန်ရံခါ မိုးသက် လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်ဖြစ်ကြောင်း ၊ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင် လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ မြန်မာ့ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉)ပေမှ (၁၂)ပေခန့်ရှိ နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြား မှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
မုတ္တမကွေ့၊ မြစ်ဝကျွန်းပေါ်နှင့် ရခိုင်ကမ်းရိုးတန်း တစ်လျှောက်ရှိ ပြည်သူများအနေဖြင့် လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးကြီးခြင်းတို့ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနေထိုင် ကြပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ် လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေ ယာဉ်များ၊ သင်္ဘောများအနေ ဖြင့်လည်း ကြိုတင်သတိပြုသွားရန်လည်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
















