အမေရိကန်ရေနံစိမ်းသိုလှောင်မှုပမာဏ မြင့်တက်နေသည့်တိုင် လွန်ခဲ့သည့်သီတင်းပတ်အတွင်း ရေနံစိမ်းဈေးနှုန်း အနည်ငယ်ကျဆင်းခဲ့

အမေရိကန်ရေနံစိမ်းသိုလှောင်မှုပမာဏ မြင့်တက်နေသည့်တိုင် လွန်ခဲ့သည့်သီတင်းပတ်အတွင်း ရေနံစိမ်းဈေးနှုန်း အနည်ငယ်ကျဆင်းခဲ့

အမေရိကန်ရေနံစိမ်းသိုလှောင်မှုပမာဏမြင့်တက်နေသည့်တိုင် လွန်ခဲ့သည့် သီတင်းပတ် အတွင်း ရေနံစိမ်းဈေးနှုန်း အနည်ငယ်ကျဆင်းလာကြောင်း၊ ခြောက်လအတွင်း အများဆုံး ဈေးကျသည့် သီတင်းပတ်ဖြစ်ခဲ့ကြောင်း၊ အောက်တိုဘာ ၁၉ ရက်၌ ကုန်ဆုံးသော သီတင်းပတ်အတွက်ကျဆင်းမှုဖြစ်ကြောင်း သိရသည်။

အနောက်တက္ကဆက်နှင့် ဘုရင့်ရေနံစိမ်းဈေးမှာ လေးရာခိုင်နှုန်းနှင့် ၄ ဒသမ ၄ ရာခိုင်နှုန်း အသီးသီးကျပြီး တစ်စည်လျှင် ၇၁ ဒသမ ၃၄ ဒေါ်လာနှင့် ၈၀ ဒသမ ၄၃ ဒေါ်လာအသီးသီးရှိခဲ့သည်။ လွန်ခဲ့သည့် အောက်တိုဘာ ၁၆ ရက်ကမူ အနောက်တက္ကဆက်နှင့် ဘုရင့်ရေနံစိမ်းဈေးမှာ သုည ဒသမ ၁၄ ဒေါ်လာနှင့် သုည ဒသမ ၆၃ ဒေါ်လာ အသီးသီးတက်ပြီး တစ်စည်လျှင် ၇၁ ဒသမ ၉၂ ဒေါ်လာနှင့် ၈၁ ဒသမ ၄၁ ဒေါ်လာအသီးသီးရှိခဲ့သည်။ ထိုအတောအတွင်း အမေရိကန်ရေနံစိမ်းသိုလှောင်မှုပမာဏမြင့်တက်ခဲ့ပြီး အိုကလာဟိုးမားရေနံချက်စက်ရုံတွင် သိသိသာသာတိုးကာ သီတင်းလေးပတ်မြောက်တိုးတက်ပြီး ရေနံစိမ်းစည် ငါးသန်းအထိ ရေနံစိမ်းသိုလှောင်မှုပမာဏမြင့်တက်ခဲ့သည်။

အမေရိကန်စက်ဆီနှင့်ချောဆီသိုလှောင်မှု ပမာဏမှာ စည်နှစ်သန်းနှင့် စည်ရှစ်သိန်းအသီးသီးရှိကြောင်း အမေရိကန်စွမ်းအင် သတင်းအချက်အလက်စီမံရေးဌာန (EIA) က ပြောဆိုသည်။ အမေရိကန်ရေနံစိမ်း သိုလှောင်မှုပမာဏမြင့်တက်နေသည့်တိုင် ရေနံစိမ်းဈေးမှာ အောက်တိုဘာ ၁၈ ရက်၌ ကျဆင်းပြီး အနောက်တက္ကဆက်နှင့် ဘုရင့်ရေနံစိမ်းဈေးမှာ တစ်စည်လျှင် ၁ ဒသမ ၁ ဒေါ်လာနှင့် သုည ဒသမ ၇၆ ဒေါ်လာအသီးသီးကျဆင်းခဲ့သည်။