ရှမ်းအသင်းနည်းပြချုပ်နေရာ၌ ပြည်တွင်းနည်းပြခန့်မည် အောက်တိုဘာလမကုန်မီ ခန့်အပ်နိုင်ရန်ကြိုးစားလျက်ရှိ

ရှမ်းအသင်းနည်းပြချုပ်နေရာ၌ ပြည်တွင်းနည်းပြခန့်မည် အောက်တိုဘာလမကုန်မီ ခန့်အပ်နိုင်ရန်ကြိုးစားလျက်ရှိ

ပြီးခဲ့သည့် ဘောလုံးရာသီတွင် နေရှင်နယ်လိဂ်ချန်ပီယံဆုကို လက်လွှတ်ခဲ့ရသည့် ရှမ်းယူနိုက်တက်အသင်းသည် လစ်လပ်လျက်ရှိသည့် နည်းပြချုပ်နေရာ၌ ပြည်တွင်းနည်းပြကိုသာ ခန့်အပ်တော့မည်ဖြစ်ကြောင်း အသင်းတာဝန်ရှိသူတစ်ဦးက ထုတ်ဖော်ပြောဆိုခဲ့သည်။

လမ်းခွဲခဲ့

ရှမ်းယူနိုက်တက်အသင်းသည် ပြီးခဲ့သည့်ရာသီအပြီး နေရှင်နယ်လိဂ်အမှတ်ပေးဇယားတွင် ဒုတိယနေရာဖြင့်သာ ကျေနပ်ခဲ့ရသလို ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ပြိုင်ပွဲတွင်လည်း ဆီမီးဖိုင်နယ်အဆင့်ဖြင့်သာ ကျေနပ်ခဲ့ရသည်။ ထို့ကြောင့် အသင်းကိုအောင်မြင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ခြင်းမရှိသည့် မက်ဆီဒိုးနီးယားလူမျိုး မာဂျန်နှင့် ရှမ်းအသင်း လမ်းခွဲခဲ့သည်။

" လစ်လပ်နေတဲ့အသင်းနည်းပြချုပ်နေရာမှာ ပြည်တွင်းကနည်းပြကိုပဲ တာဝန်ပေးသွားမှာပါ။ ဘယ်သူ့ကိုပေးမလဲဆိုတာတော့ အတည်ပြုလို့မရသေးပါဘူး။ အသင်းလေ့ကျင့်ခန်းမစခင်မှာ ခန့်အပ်နိုင်ဖို့ ကြိုးစားနေပါတယ်။ ဒီလမကုန်ခင် ခန့်အပ်ဖို့ ရည်မှန်းထားပါတယ်" ဟု ၎င်းတာဝန်ရှိသူက ပြောဆိုခဲ့သည်။

အစားထိုးမည်

ဆက်စပ်သတင်းများအရ ရှမး်ယူနိုက်တက်အသင်းသည် ပြီးခဲ့သည့်ရာသီက အသင်း၌ ကစားခဲ့သည့် နိုင်ငံခြားသားကစားသမားလေးဦးနှင့်လည်း လမ်းခွဲခဲ့ပြီဖြစ်ကြောင်း သိရသည်။ ထို့ပြင် ယခုနှစ်ရာသီကုန်၌ အသင်းနှင့်စာချုပ်သက်တမ်းကုန်ဆုံးခဲ့သည့် ပြည်တွင်းကစားသမားများထဲမှ အချို့ကို စာချုပ်သက်တမ်းတိုးလိမ့်မည် မဟုတ်ကြောင်းသိရသည်။ ရှမ်းယူနိုက်တက်အသင်းသည် လာမည့်ရာသီအတွက် ပြင်ဆင်လေ့ကျင့်မှုများကို နိုဝင်ဘာ ၇ရက်တွင်စတင်မည်ဖြစ်သည်။



ဖတ်ရှုမှုအများဆုံး