အင်ဒိုနီးရှားအရန်နိုင်ငံခြားသုံးငွေ နှစ်နှစ်အတွင်း အနိမ့်ဆုံးအခြေအနေသို့ ရောက်ရှိ

အင်ဒိုနီးရှားအရန်နိုင်ငံခြားသုံးငွေ နှစ်နှစ်အတွင်း အနိမ့်ဆုံးအခြေအနေသို့ ရောက်ရှိ

အမေရိကန်ငွေတန်ဖိုးတက်ပြီး တစ်ဒေါ်လာလျင်ရူပီယာ ၁၅၀ဝ၀ကျော်အထိ ကျဆင်းစေရန်ဖိအားပေးခံရပြီးနောက် အင်ဒိုနီးရှားအရန်နိုင်ငံခြားသုံးငွေ မှာ  နှစ်နှစ်အတွင်း အနိမ့်ဆုံးအခြေအနေသို့ စံချိန်တင်ရောက်ရှိ ခဲ့ကြောင်းသိရသည်။

ရူပီယာတန်ဖိုးအားကာကွယ်ရန်အတါက် ငွေကြေးဈေးကွက်အတွင်းသို့ အစိုးရဗဟိုဘဏ်က အကြိမ်ကြိ်မ်ဝင်ရောက်စွက်ဖက် ပြီးနောက် အင်ဒိုနီးရှားအရန်နိုင်ငံခြားသုံးငွေ မှာ နှစ်နှစ်အတွင်း အနိမ့်ဆုံးအခြေအ နေသို့ စံချိန်တင်ရောက်ရှိ ခဲ့ခြင်းဖြစ်ကြောင်းဆိုသည်။ ထိုသို့ကျဆင်းမှုအား စောင့်ကြည့်သူများ၏အဆိုအရ အစိုးရဗဟိုဘဏ်၏ မဟာဗျူဟာမှာ တာရှည်ခံတော့မည်မထင်ကြောင်း ဆိုသည်။

အစိုးရဗဟိုဘဏ်က ပြောခဲ့ရာ၌ စက်တင်ဘာလကုန်တွင် ရှစ်လဆက်တိုက်ကျဆင်းမှုအဖြစ် ဒေါ်လာ ၃ဒသမ၁ဘီလီယံကျဆင်းပြီး ဒေါ်လာ ၁၁၄ဒသမ၈ဘီလီယံကျန်ရှိကြောင်း ဆိုသည်။ အဆိုပါပမာဏမှာ ၂၀၁၆ နိုဝင်ဘာနောက်ပိုင်း အင်ဒိုနီးရှား အရန်နိုင်ငံခြားသုံးငွေ မှာ နှစ်နှစ်အတွင်း အနိမ့်ဆုံးအခြေအနေသို့ စံချိန်တင်ရောက်ရှိ ခဲ့ကြောင်းသိရသည်။

အမေရိကန်ငွေတန်ဖိုးတက်ပြီး တစ်ဒေါ်လာလျင်ရူပီယာ ၁၅၀ဝ၀ကျော်အထိ ကျဆင်းစေရန်ဖိအားပေးခံရပြီးနောက် အင်ဒိုနီးရှားဗဟိုဘဏ်က ရူပီယာများအားဝယ်ယူကာ ဒေါ်လာများအား ထုတ်ရောင်းခြင်းဖြင်တုံ့ပြန်ခဲ့ခြင်းကြောင့် အင်ဒိုနီးရှားအရန်နိုင်ငံခြားသုံးငွေ မှာ နှစ်နှစ်အတွင်း အနိမ့်ဆုံးအခြေအနေသို့ စံချိန်တင်ရောက်ရှိ ခဲ့ခြင်းဖြစ်ကြောင်းဆိုသည်။

သွင်းကုန်အမြန်တိုးတက်နေခြင်းကြောင့် လည်း ကုန်သွယ်ရေးလိုငွေပြစေသဖြင့် အခက်ကြုံနေရသည်။နိုင်ငံများအနေဖြင့် ယင်းတို့၏သွင်းကုန်တန်ဖိုး သုံးဆထက်မနည်း ကာမိစေရန် အရန်နိုင်ငံခြားသုံးငွေကို ထိန်းသိမ်းထားရှိရန်  လိုအပ်ကြောင်း အိုင်အမ်အက်ဖ်က သတိပေးထားသည်။

အာရှငွေ ကြေးအကျပ်အတည်းဖြစ်ပြီးနောက် နိုင်ငံအများအပြားမှာ အရန်နိုင်ငံခြားသုံးငွေကို တိုးပွားအောင် ထိန်းသိမ်းထားရှိခဲ့ကြသည်။ အောက်တိုဘာလဆန်းက အမေရိကန်ငွေတန်ဖိုးတက်ပြီး တစ်ဒေါ်လာလျင်ရူပီယာ၁၅၀ဝ၀ကျော်အထိ ကျဆင်းခဲ့ရာ နှစ်၂၀အတွင်းအနိမ့်ဆုံးဖြစ်သည်။

အကယ်၍ ရူပီယာကို ဝယ်ယူလျင် ဗဟိုဘဏ်အနေဖြင့် အတိုးနှုန်းမြှင့်ပေးရန်ဖိအားပေးခံရဖွယ်ရှိပြီး အတိုးနှုန်းမှာလည်း မေလနောက်ပိုင်း ငါးကြိမ်တိုးပြီးဖြစ်သည်။