အမေရိကန်နှင့် တရုတ်တို့အကြား ဆက်လက်ဖြစ်ပွားနေသည့် ကုန်သွယ်ရေးစစ်ပွဲကြောင့် ထိုင်းစီးပွားရေး မထိခိုက်ဟု ထိုင်းကုန်သည်ကြီးများအသင်းတက္ကသိုလ် UTCC က ဆိုသည်။
အဆိုပါ ထိုင်းကုန်သည်ကြီးများ အသင်းတက္ကသိုလ် UTCC ၏ ဘောဂဗေဒနှင့် စီးပွားရေးခန့်မှန်းမှု ဆိုင်ရာဌာန မှ ညွှန်ကြားရေးမှူး သာနာဝပ်ပိုဗီချိုင်းက ပြောရာတွင် အမေရိကန်နှင့် တရုတ်တို့အကြား ဆက်လက်ဖြစ်ပွားနေသည့် ကုန်သွယ်ရေးစစ်ပွဲကြောင့် ထိုင်းစီးပွားရေးအား ထိခိုက်မှုမရှိကြောင်း၊ ကမ္ဘာ့ဈေးကွက်တွင် ရေနံဈေးနှုန်း တက်လာပြီး တရုတ်ခရီးသွားများ ထိုင်းသို့ဝင်ရောက်မှုလျော့ကျခဲ့သည့်တိုင် ထိုင်းစီးပွားရေးမှာ တောင့်တင်းခိုင်မာဆဲဖြစ်ကြောင်း၊ ဆိုသည်။
ထိုင်းအစိုးရက ယခုနှစ်တွင်း ထိုင်းစီးဒပွားရေးတိုးတက်နှုန်း ၄ဒသမ၆ ရာခိုင်နှုန်းရှိမည်ဟုခန့်မှန်းထားသည်။
၂၀၁၉ အတွက်မူ အခြေခံအဆောက်အအုံ စိမံကိန်းများနှင့် အရှေ့ဖျားစီးပွားရေစင်္ကြန် EEC အစီအစဉ်များက အဆုံးအဖြတ်ပေး နိုင်မည်ဖြစ်ပြီး ထိုနှစ်တွင်း ထိုင်းစီးပွားရေးတိုးတက်နှုန်း ၄ ရာခိုင်နှုန်းမှ ၄ဒသမ၅ ရာခိုင်နှုန်း ရှိမည်ဟုခန့်မှန်းထားသည်။
















