ကမ္ဘောဒီးယားအပေါ် ကုန်သွယ်ရေးပိတ်ဆို့အရေးယူမှုများမပြုလုပ်ရန် ကမ္ဘောဒီးယား အထည်ချုပ် လုပ်ငန်းများအဖွဲ့ချူပ် တောင်းဆို

ကမ္ဘောဒီးယားအပေါ် ကုန်သွယ်ရေးပိတ်ဆို့အရေးယူမှုများမပြုလုပ်ရန် ကမ္ဘောဒီးယား အထည်ချုပ် လုပ်ငန်းများအဖွဲ့ချူပ် တောင်းဆို

ကမ္ဘောဒီးယားအပေါ် ကုန်သွယ်ရေးပိတ်ဆို့အရေးယူမှုများမပြုလုပ်ရန် အီးယူအား  ကမ္ဘောဒီးယား အထည်ချုပ် လုပ်ငန်းများအဖွဲ့ချူပ် GMAC က တောင်းဆို လိုက်ပြီး မည်သည့် အရေးယူမှုကမဆို လုပ်သားများနှင့် ယင်းတို့ မိသားစု များအာ ထိခိုက်နစ်နာစေလိမ့်မည်ဟု ဆိုလိုက်သည်။

ဟွန်ဆန်ပြန်လည်အရွေးခံရသည့် ရွေးကောက်ပွဲအလွန် လူ့အခွင့်အရေးနှင့် အလုပ်သမားအခွင့်အရေးဆိုင်ရာစိုးရိမ်မှုများကြောင့် အီးယူက ကမ္ဘောဒီးယားအားပေးထားသော ကုန်သွယ်ရေးဆိုင်ရာ မျက်နှာသာပေးမှုများအား ယာယီရုပ်သိမ်းရန် ကနဦးလုပ်ငန်းစဉ်များစီစဉ်နေသည်ဟု အောက်တိုဘာလဆန်းက သတိပေးခဲ့သည်။

အီးယူကုန်သွယ်ရေးဆိုင်ရာကော်မရှင်နာ ဆီစီလီယာ မယ်လ်စထရွန်ထံ ပေးပို့ခဲ့ပြီး လတ်တလောမီဒီယာသို့ထုတ်ပြန်သည့်စာတွင် ကမ္ဘောဒီးယား အထည်ချုပ် လုပ်ငန်းများအဖွဲ့ချူပ် GMAC အတွင်းရေးမှူး ကင်လူး ကပြောရာတွင် ကမ္ဘောဒီးယားတွင်ရှိအထည်ချုပ် နှင့် ဖိနပ်ချုပ် လုပ်ငန်းများ ၁၀ဝ၀ ကျော်၌ လုပ်သား ၇သိန်းခန့်ရှိကြောင်း၊ ယင်းအနက်မှ ၈၅ ရာခိုင်နှုန်းမှာ ကျေးလက်မှတက်လာသူ အမျိုးသမီးများဖြစ်ကြောင်း ဆိုသည်။

လူဦးရေ ၁၆ သန်း၏ နောက်ထပ်၂သန်းခန့်မှာ ယခုလုပ်ငန်းအပေါ် စီးပွားရေးအရ မှီခိုနေရကြောင်း ၊ထိုလုပ်ငန်းများမှ လစဉ်လုပ်ခလစာဒေါ်လာ သန်း၁၅၀ခန့်ပေးချေနေရကြောင်း ဆိုသည်။  ကုန်သွယ်ရေးဆိုင်ရာ မျက်နှာသာပေးမှုများအား ယာယီရုပ်သိမ်းရန် ဖြစ်စေ အခြားမည်သည့် အရေးယူမှုကမဆို လုပ်သားများနှင့် ယင်းတို့ မိသားစု များအား ထိခိုက်နစ်နာစေလိမ့်မည်ဟု ကင်က ဆိုလိုက်သည်။ထို့ကြောင့် သတိကြီးစွာဖြင့် ဆောင်ရွက်ပါရန်နှင့် နှိုင်း နှိုင်းချိန်ချိန် ဆုံးဖြတ်ပါရန် မိမိတို့က တောင်းပန်ခြင်းဖြစ်ကြောင်း ဆိုသည်။

အီးယူသည် အဓိက ပါတနာ ဖြစ်ပြီး ကမ္ဘောဒီးယားတွင်ရှိအထည်ချုပ် နှင်ဖိနပ်ချုပ် လုပ်ငန်းများမှထုတ်ကုန် ၄၆ရာခိုင်နှုန်းအား အီးယူသို့တင်ပို့နေသည်။ ယမန်နှစ်က အီးယူသို့တင်ပို့သည့် ကမ္ဘောဒီးယားတွင်ရှိအထည်ချုပ်နှင့် ဖိနပ်ချုပ် တန်ဖိုး ဒေါ်လာ ၅ဒသမ၇၇ဘီလီယံ ရှိခဲ့သည်။