ဖောင်းပြင်မြို့နယ် ဆုတောင်းပြည့်စေတီ စိန်ဖူးတော်ကြုတ်အတွင်းမှ ရတနာပစ္စည်းများခိုးယူသူ နှစ်ဦးကို ဖမ်းမိ

ဖောင်းပြင်မြို့နယ် ဆုတောင်းပြည့်စေတီ စိန်ဖူးတော်ကြုတ်အတွင်းမှ ရတနာပစ္စည်းများခိုးယူသူ နှစ်ဦးကို ဖမ်းမိ

 ​ဖောင်းပြင်မြို့နယ်၊မန်သဲအုပ်စု၊ကုန်းကြီးကျေးရွာ ဆု​တောင်းပြည့်​စေတီမှ စိန်​ဖူး​တော်ခိုးယူသူနှစ်ဦးကို သက်​ဆိုင်​ရာက ​အောက်​တိုဘာ ၂၃ ရက်​​တွင်​ ဖမ်းဆီးရမိခဲ့သည်​။

အောက်တိုဘာ ၂၂ ရက်​​ ည​နေ ၅ နာရီအချိန်​ခန်​တွင်​ မော်လိုက်ခရိုင် ​ဖောင်းပြင်မြို့နယ်၊မန်သဲအုပ်စု၊ကုန်းကြီးကျေးရာရှိ ဉာဏ်တော်(၁၈) တောင်ရှိ လိုတရပြည်လုံးချမ်းသာ လေးမျက်နှာဘုရားစိန်ဖူးတော်ခိုးယူခံ​ကြောင်း ရွာဂေါပကအဖွဲ့က ကျေးရွာ တာဝန်ခံထံအကြောင်းကြားသဖြင့် သွား​ရောက်​စစ်​​ဆေးခဲ့သည်​။

စုံစမ်းချက်​အရ အောက်တိုဘာ ၂၀ ရက် ည​နေ ၆ နာရီအချိန်ခန့်တွင်ဓာတ်မီး​ရောင်​မြင်ရ​ကြောင်း ကုန်းကြီးကျောင်းထိုင်ဆရာတော်ထံ​လျှောက်ထားပြီး စစ်​​ဆေးရာ ဘုရားစိန်​ဖူး​တော်​ခိုးယူခံရ​ကြောင်း အောက်​တိုဘာ ၂၂ ရက်​​ မွန်းလွဲ ၃ နာရီအချိန်​တွင်​ သိရှိခဲ့​သည်​။

ကျေးရွာဂေါပကအဖွဲ့များက ဆုတောင်းပြည့်စေတီအား စစ်ဆေးခဲ့ရာဘုရားရင်ပြင်တော်တောင်ဘက်ထောင့်မှ စိန်ဖူးတော်ထည့်သည့်ကြုတ်တစ်စုံ၊ဖန်စိန်ဖူးတော်အကျိုးတစ်ခု၊ဖန်စိန်ဖူးတော်အပဲ့တစ်ခု၊ ဉာဏ်တော်၃ လက်မနှင့် ၁ ဒသမ ၂ လက်မရှိ ကြေးဆင်းတုတော်နှစ်ဆူ၊သံဖြင့်ပြုလုပ်ထားသောပလ္လင်အသေးတစ်ခုနှင့် ပလ္လင်အမှီအကျိုးတစ်ခု၊ရွှေရောင်သွပ်ပြားဖြင့်ရေးသားထားသောဘုရားသမိုင်းစာပါတစ်ချပ်၊စိန်ဖူးတော်ထည့်သည့်ကြုတ်မှ ကွာကျနေသည့်ရောင်စုံဖန်ကျောက်ကိုးလုံးတို့ကိုတွေ့ရှိရ၍သိမ်းဆည်းထားခဲ့သည်​။

ထို့နောက် စိန်ဖူးတော်ထည့်သည့်ကြုတ်အတွင်းမှ တန်ဖိုးကြီးပစ္စည်းများပျောက်ဆုံး နေပြီးမည်သည့်ပစ္စည်းများပျောက်ဆုံးနေသည်ကိုမသိရှိရကြောင်းဆိုကာ သက်ဆိုင်ရာရဲတပ်ဖွဲ့သို့ တိုင်​ကြားခဲ့သည်​။

​ဖောင်းပြင်​မြို့မရဲစခန်က (ပ)၁၀၃/၁၈ ရာဇသတ်​ကြီးဥပ​ဒေပုဒ်​မ ၃၇၉/၂၉၅ အရအမှုဖွင့် ကာမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးခင်မောင်ဦးစီး၍ မိုင်းချောင်းရဲကင်းမှရဲတပ်ဖွဲ့ဝင်​များက အ​သေးစိတ်​စုံစမ်း​ဖော်​ထုတ်​ခဲ့ရာ အမှုဖြင့် မသင်္ကာသူကုန်းကြီးရွာနေ အောင်ကြည်မြင့်(၂၇)နှစ်ကိုဖမ်​ဆီးစစ်​​ဆေးခဲ့သည်​။

၎င်းသည် ယခင်ဘုရားတည်စဉ်ကကျောင်းထိုင်သီတင်းသုံးနေထိုင်သွားသူဖြစ်​ပြီး ယခုလူဝတ်​ဖြင့် ​နေထိုင်ဖြစ်​​ပြီး စိန်​ဖူးကို မောင်မြင့်(၂၈)နှစ်နှင့် အတူခိုးယူခဲ့ကြောင်း ပေါ်ပေါက်သဖြင့် ​မောင့်မြင့်ကို ​၎င်း၏​နေအိမ်မှ ဆက်​လက်​ဖမ်းဆီးခဲ့သည်​။

 ၄င်းတို့နှစ်ဦးကိုဆက်လက်စစ်ဆေးရာ စိန်ဖူးတော်ကြုတ်အတွင်းမှကျောက်မျိုးစုံအား ဘိုင်းလယ်ရွာ လမ်းဆုံရှိလမ်းယာဘက်ချုံပုတ်အတွင်း၌ အောင်ကြည်မြင့်က ဝှက်ထားကြောင်း၊ကြုတ်အတွင်းမှရွှေရည်ကြိုခဲ(၁၈)ရွေးခန့်အား မောင်မြင့်က မိုင်းချောင်းရွာရွှေပန်းတိမ်ဆိုင်တွင်၁၃၆၀ဝ၀  ကျပ်ဖြင့်ရောင်းချပြီး နှစ်ဦးခွဲဝေယူခဲ့ကြောင်းစစ်ဆေး ပေါ်ပေါက်ခဲ့သဖြင့် လမ်းဆုံတွင်ဝှက်ထားသောကျောက်များကို သက်သေများရှေတွင်သိမ်းဆည်းခဲ့ပြီးရွှေထည်ပစ္စည်းများကို သိမ်းဆည်းရမိနိုင်ရေးဆက်လက်ဆောင်ရွက်​ထား​ကြောင်းသိရသည်​။