အာဂျင်တီးနားနိုင်ငံတွင် အောက်တိုဘာ ၆ ရက်မှ ၁၈ ရက်အထိ ကျင်းပခဲ့သည့် Youth Olympic Games 2018 ပြိုင်ပွဲ၌ မြားပစ်ပြိုင်ပွဲတွင် လူငယ်လက် ရွေးစင်မြားပစ် အားကစားမယ် ပြည့်စုံနှင်း (အားကာ/သိပ္ပံ- မန္တလေး)သည် ကမ္ဘာ့နိုင်ငံ ပေါင်း ၃၂ နိုင်ငံမှ ကစားသမားပေါင်း ၃၂ ဦး ယှဉ်ပြိုင်ခဲ့သည့် အမျိုးသမီးတစ်ဦးချင်း မီတာ ၆၀ Recurve ပြိုင်ပွဲ၌ ကမ္ဘာ့အဆင့် (၆)ဖြင့် အောင်ပွဲဆင်နိုင်ခဲ့သည်။
အဆိုပါပြိုင်ပွဲ၌ မြန်မာနိုင်ငံကိုယ်စားပြု အုပ်ချုပ်နည်းပြတစ်ဦး၊ ရွက်လှေအားကစားနည်းမှ တစ်ဦးနှင့် မြား ပစ်အား ကစားနည်းမှ တစ်ဦးတို့ ယှဉ်ပြိုင်ခွင့် ရရှိခဲ့ကြသည်။
ကျေနပ်ခဲ့ရ
ပြည့်စုံနှင်းသည် အိန္ဒိယနိုင်ငံ၌ ကျင်းပခဲ့ သည့် Youth Olympic Games 2018 လက်ရည်စစ်ပြိုင်ပွဲကို အောင်မြင်ခဲ့သော ကြောင့် ယခုကမ္ဘာ့ လူငယ်အိုလံပစ်အားကစားပြိုင်ပွဲသို့ ဆက်လက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ ခြင်းဖြစ်သည်။
၎င်းသည် ပြိုင်ပွဲဝင် ၃၂ ဦး ယှဉ်ပြိုင်ခဲ့သည့် Recurve အမျိုးသမီးတစ် ဦးချင်းပြိုင်ပွဲတွင် ၂၄ ဦးအဆင့်သို့တက် လှမ်းနိုင်ခဲ့ပြီး နာမည်ကြီး ရုရှားကို ၆ မှတ် ၅ မှတ်ဖြင့်လည်းကောင်း၊ အီဂျစ်ကို ၆ မှတ် ၅ မှတ်ဖြင့်လည်းကောင်း အနိုင်ရရှိခဲ့သည်။ ကွာတားဖိုင်နယ် တက်ရောက်မည့် ပွဲစဉ်တွင် ကမ္ဘာ့အဆင့်တစ်ရှိ တရုတ်နိုင်ငံမှ ကစား သမားနှင့် ဆက်လက်ယှဉ်ပြိုင်ခဲ့ရာ ရှုံးနိမ့်ခဲ့ သဖြင့် အဆင့် (၆)ဖြင့်သာ ကျေနပ်ခဲ့ရသည်။















