မော်ကျွန်း ကျေးရွာချင်းဆက် ကွမ်းခြံကုန်း-မဲဇလီဦးတို မြေသားလမ်း သဲခင်းခြင်းလုပ်ငန်း ဆောင်ရွက်မှုပြီးစီး

မော်ကျွန်း ကျေးရွာချင်းဆက် ကွမ်းခြံကုန်း-မဲဇလီဦးတို မြေသားလမ်း သဲခင်းခြင်းလုပ်ငန်း ဆောင်ရွက်မှုပြီးစီး

ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ် ကွမ်းခြံကုန်းကျေး ရွာမှ မဲဇလီဦးတို ကျေးရွာသို့ ရာသီမရွေး ဆက်သွယ်သွားလာနိုင်သည့် ကျေးရွာချင်းဆက် ပေ ၅၀ဝ၀ ကျော်ရှည် မြေသားလမ်းမကြီးပေါ်တွင် သဲခင်းခြင်းလုပ်ငန်းကို ကျေးရွာနှစ်ရွာမှ ဒေသခံပြည်သူများ ပူးပေါင်း ဆောင်ရွက်မှုဖြင့် အောက်တို ဘာ ၂၅ ရက် နံနက် ၈ နာရီက ခင်းကျင်းမှု ပြီးစီးသွားပြီဖြစ်သည်။

အုတ်ခင်းကျင်းမှုပြီးစီး

ယင်းကွမ်းခြံကုန်း- မဲဇလီဦးတို ကျေးရွာ ချင်းဆက်လမ်းအား အုတ် ခင်းလမ်းအဖြစ်တည်ဆောက်ခြင်းကို ကွမ်းခြံကုန်းကျေးရွာ ဆရာတော် ဘဒ္ဒန္တသုဇန ဦးဆောင်မှုဖြင့် ကွမ်းခြံကုန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးထူးမောင်နှင့် ဒေသခံပြည်သူများ၊ မဲဇလီဦးတိုကျေးရွာမှ ဒေသခံ ပြည်သူများ၏ စုပေါင်းလုပ်အားဖြင့် ဆောင်ရွက်ခဲ့ကြရာ အောက်တိုဘာ ၂၄ ရက် ညနေ ၅ နာရီက ပေ ၂၀ဝ၀ ကျော်ကို အုတ်ခင်းလမ်းအဖြစ် တည်ဆောက်ပြီးစီးခဲ့ပြီဖြစ်သည်။

အဆိုပါလမ်း တည်ဆောက်နိုင်ခဲ့သဖြင့် ကွမ်းခြံကုန်း၊ ကျီးချောင်း၊ ငှက်ကြီးတန်း၊ မြေစိမ်းချောင်း၊ ကွင်းပေါက်နှင့် မဲဇလီဦးတိုကျေးရွာ များမှ ဒေသခံပြည်သူများနှင့် မဲဇလီဦးတို အထက်တန်းကျောင်းသို့ ကျောင်းတက်ကြရသော ကျောင်းသား ကျောင်းသူများ သွားလာရေး အဆင်ပြေချောမွေ့နိုင်တော့မည်ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး