ယခုဘဏ္ဍာနှစ်တွင် တနင်္သာရီတိုင်းအတွင်းရှိကျေးရွာ ၁၀ ရွာတွင် အမှိုက်စနစ်တကျစွန့်ပစ်တတ်စေရန် စည်းရုံးလုပ် ဆောင်မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ သိရသည်။
အကောင်အထည်ဖော်
မြို့နယ်တစ်ခုလျှင် တစ်ရွာနှုန်းဖြင့် ဇဟာ၊ ညင်းထွေး၊ သင်းကျွန်း၊ ကမြောကင်း၊ ကင်းတပ်၊ မြို့ဟောင်း၊ ကတ္တလူ၊ အရှေ့မော်တုန်း၊ ဆယ်မိုင်၊ ထောင်ငါးသိုင်း စသည့်ကျေးရွာ ၁၀ ရွာကို ရွေးချယ်ထားပြီး အမှိုက်ကင်းစင်ကျေးရွာများအဖြစ် ယခုဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော်မည်ဖြစ်ကြောင်း အထက်ပါဌာန ဒုတိယညွှန်ကြားရေးမှူး (နည်းပညာ) ဦးကျော် ကျော်အောင်က ပြောဆိုသည်။
"ပြန်ပြီးတော့ အသုံးပြုလို့ရတဲ့ အမှိုက်တွေ၊ ဥပမာပလတ် စတစ်ဘူးတွေဆိုရင် တစ်နေရာပစ်၊ အသား၊ ငါး၊ အညစ်ကြေး ဆိုရင် ဘယ်လိုစွန့်ပစ်ရမလဲဆိုတာတွေသိလာအောင် စည်းရုံး လုပ်ဆောင်သွားဖို့ရှိတယ်"ဟု ဦးကျော်ကျော်အောင်က ပြော ဆိုသည်။
ထားဝယ်ခရိုင်တွင် အမှိုက်ကင်းစင်လုပ်ဆောင်မည့် အချို့ ကျေးရွာများတွင် မြစိမ်းရောင်စီမံကိန်းအတိုးရငွေဖြင့် အမှိုက် သိမ်းထော်လာဂျီ၊ အမှိုက်ပုံးများဝယ်ယူပြီး ကျေးရွာအတွင်း အမှိုက်သိမ်းခြင်းများ စတင်လုပ်ဆောင်နေကြပြီဖြစ်သည်။
ဝန်ထမ်းခန့်မည်
"ကျွန်တော်တို့ရွာမှာတော့ တစ်ပတ်သုံးရက်လောက် အဖွဲ့ လိုက်အမှိုက်လိုက်သိမ်းမယ်လို့ စီစဉ်ထားတယ်။ မြစိမ်းရောင် ကရတဲ့ ရန်ပုံငွေနဲ့ ဝန်ထမ်းလည်းခန့်ဖို့လုပ်နေတယ်"ဟု အမှိုက် ကင်းစင်ရွာလုပ်ဆောင်မည့် ထားဝယ်မြို့နယ် ဇဟာကျေးရွာ အုပ်ချူပ်ရေးမှူး ဦးလွင်မိုးက ပြောဆိုသည်။
နောက်ပိုင်းတွင် ယင်းအမှိုက်ကင်းစင်ကျေးရွာများကို တစ် မြို့နယ်လျှင် ကျေးရွာငါးရွာခန့်အထိ တိုးမြှင့်လုပ်ဆောင်မည် ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရသည်။
















