မလေးရှားက စင်ကာပူနှင့် မြန်နှုန်းမြင့်ရထားလမ်းအပါအဝင် စီမံကိန်းကြီးများ လျှော့ချလိုက်၍ ဘတ်ဂျက် ရင်းဂစ်ဘီလီယံ ၃၀ဝ ခန့်သက်သာရာရဟုဆို

မလေးရှားက စင်ကာပူနှင့် မြန်နှုန်းမြင့်ရထားလမ်းအပါအဝင် စီမံကိန်းကြီးများ လျှော့ချလိုက်၍ ဘတ်ဂျက် ရင်းဂစ်ဘီလီယံ ၃၀ဝ ခန့်သက်သာရာရဟုဆို

မလေးရှားက စင်ကာပူနှင့် မြန်နှုန်းမြင့်ရထားလမ်း HSR အရှေ့ကမ်းခြေပတ်ရထားလမ်း ECRL၊ ဆာဘားပြည်နယ်ဖြတ်ကျော် သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း  စသည်များ အပါအဝင် စီမံကိန်းကြီးများအားလျှော့ချလိုက်သဖြင့် အစိုးရဘတ်ဂျက်နှငြွေ့်ကးမြီ ဝန်ထုပ်ဝန်ပိုး ရင်းဂစ်ဘီလီယံ ၃၀ဝ ခန့်သက်သာရာရကြောင်း ဝန်ကြီးချုပ် မဟာသီယာက ဆိုသည်။

အဆိုပါစီမံကိန်းကြီးများမှာ အစိုးရက ဘတ်ဂျက်ထည့်ဝင်ရန်အတွက် အလွန် တရာ တန်ဖိုးကြီးမားလွန်းနေကြောင်းဖြင့်လည်း ယင်းကပြောဆိုသည်။

အရှေ့ကမ်းခြေပတ် ရထားလမ်း ECRL စီမံကိန်းအား ဥပမာပြပြီးပြောဆိုရာတွင် ထိုစီမံကိန်းအတွက် ငွေချေးပြီး ပြည်ပကုမ္ပဏီအား ကန်ထရိုက်ပေးရကြောင်း၊  ထိုသို့ဆိုလျှင် ပြည်ပလုပ်သား များဝင်ရောက်လာပြီး စီမံကိန်းဝင်ပစ္စည်းကိရိယာအားလုံးမှာလည်း နိုင်ငံခြားလုပ်များဖြစ် သဖြင့် မိမိတို့ဘာရမည်ထင်သနည်းဟုမေးလိုကြောင်း၊ ဘာမျှမရပါကြောင်း၊ အကယ်၍ ထိုစီမံကိန်းများကိုဖျက်လိုက်လျှင် နစ်နာသည်မှာ သူတို့၏လုပ်သားများသာဖြစ်ပြီး မိမိတို့ မှာမူ အကြွေးလည်ပင်းနစ်စရာမလိုတော့ကြောင်း ဆိုသည်။