တရုတ်စွမ်းအင်ထုတ်လုပ်မှု ယခုနှစ်ဇန်နဝါရီမှ စက်တင်ဘာလအတွင်း ယမန်နှစ်ကာလတူထက် ၇ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်လာ

တရုတ်စွမ်းအင်ထုတ်လုပ်မှု ယခုနှစ်ဇန်နဝါရီမှ စက်တင်ဘာလအတွင်း ယမန်နှစ်ကာလတူထက် ၇ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်လာ

တရုတ်စွမ်းအင်ထုတ်လုပ်မှုမှာ ယခုနှစ်ဇန်နဝါရီလမှ စက်တင်ဘာလအတွင်း ၇ ဒသမ ၄ ရာခိုင်နှုန်းမြင့်တက်လာကြောင်း သိရ သည်။

အထူးသဖြင့် နျူကလီးယားစွမ်းအင်နှင့် လေစွမ်းအင်ထုတ်လုပ်မှု တိုးမြင့်လာခြင်းကြောင့်ဖြစ်ကြောင်း အမျိုးသားဖွံ့ဖြိုးရေးနှင့် ပြန်လည် ပြင်ဆင်ရေးကော်မရှင်၏ အောက်တိုဘာ ၂၄ ရက်ထုတ်ပြန်ချက်အရ သိရ သည်။

လွန်ခဲ့သည့်စက်တင်ဘာလအတွင်း တရုတ်စွမ်းအင်ထုတ်လုပ်မှုတိုးတက်လာရာရေအားလျှပ်စစ်မှ ၄ ဒသမ ၁ ရာခိုင်နှုန်း၊ နျူကလီးယားနှင့်လေစွမ်းအင်မှထုတ်လုပ်မှု ၁၂ ဒသမ ၈ ရာခိုင်နှုန်းနှင့် ၁၃ ဒသမ ၅ ရာခိုင်နှုန်း အသီးသီးတိုးတက်ခဲ့သည်။

ထိုပထမ ကိုးလအတွင်း စွမ်းအင်သုံးစွဲမှုမှာ ၈ ဒသမ ၉ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ယမန်နှစ် ကာလတူထက် ရမှတ်နှစ်ရာခိုင်နှုန်းပိုမိုမြန်ဆန်ခဲ့ကြောင်း သိရသည်။

တရုတ်စီးပွားရေးမှာ ပထမသုံးလပတ် သုံးကြိမ်အတွက် မူလခန့်မှန်းထားသော ၆ ဒသမ ၈ ရာခိုင်နှုန်းထက် လျော့ကျကာ ၆ ဒသမ ၇ ရာခိုင်နှုန်းဟု ပြင်ဆင်ခန့်မှန်းသည့်တိုင် အစိုးရ၏ခန့်မှန်းချက် ၆ ဒသမ ၅ ရာခိုင်နှုန်းထက်ပိုမိုမြင့်မားနေသည်။