တရားမဝင်သယံဇာတလုပ်ငန်းများအား ပဲခူးတိုင်းဝန်ကြီးချုပ်ကိုယ်တိုင် စစ်ဆေးအရေးယူမည်

တရားမဝင်သယံဇာတလုပ်ငန်းများအား ပဲခူးတိုင်းဝန်ကြီးချုပ်ကိုယ်တိုင် စစ်ဆေးအရေးယူမည်

ပဲခူးတိုင်းဒေသကြီးအတွင်း တရားမဝင်သယံဇာတလုပ်ငန်းများအား ဖော်ထုတ်ဖမ်းဆီးနိုင်ရန်အတွက် တိုင်းဒေသကြီးဝန်ကြီးချုပ်ဥက္ကဋ္ဌအဖြစ်တာဝန်ယူကာ တရားမဝင်သယံဇာတလုပ်ငန်းများ ကြီးကြပ်ရေးကော်မတီအဖွဲ့ ဖွဲ့စည်း၍ ဖမ်းဆီးစစ်ဆေးအရေးယူတော့မည်ဖြစ်သည်။

တိုင်းဒေသကြီးအတွင်း တရားမဝင် ရွှေတူးဖော်ခြင်းလုပ်ငန်းများ၊ တရားမဝင် သစ်ခိုးထုတ်မှုများ၊ အုတ်၊သဲ၊ ကျောက်၊ မြစ်သဲကျောက်နှင့် တရားမဝင်သယံဇာတ ထုတ်ယူမှုများရှိနေ သည့်အတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ သည် ကက်ဘိနက်အစည်းအဝေး ဆုံးဖြတ် ချက်ဖြင့် ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းက ဥက္ကဋ္ဌ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ဒုဥက္ကဋ္ဌအဖြစ်တာဝန်ယူကာ တရားမဝင် သယံ ဇာတလုပ်ငန်းများ ကြီးကြပ်ရေးကော်မတီအဖွဲ့ကို ဖွဲ့စည်း၍ ယခုဘဏ္ဍာရေးနှစ် ၂၀၁၈--၂၀၁၉ မှ စတင်ဆောင်ရွက်ဖမ်းဆီးမည်ဖြစ်သည်။  

စိစစ်

"သယံဇာတစာရင်းထဲမှာ ရွှေ၊ သစ်၊ အုတ် သဲ၊ ကျောက်နဲ့ အခြားအရာတွေပါဝင်တဲ့ အတွက် သယံဇာတအဖြစ်သတ်မှတ်ပြီး တရား မဝင်လုပ်ငန်းတွေကို စစ်ဆေးအရေးယူဖို့ ကော်မတီဖွဲ့ခဲ့တာပါ။ အရင်က လုပ်ငန်းတော် တော်များများကို အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနခွင့်ပြုချက်နဲ့ လုပ်ကိုင်ခွင့်ပေးရာကနေ အခုနှစ်ကနေစပြီး တရားမဝင် သယံဇာတ ကြီးကြပ်ရေးကော်မတီအဖွဲ့ကနေ လုပ်ငန်းချ ပေးတာတို့၊ စိစစ်အရေးယူတာတို့ ဆောင်ရွက် သွားမှာပါ။ ဒီအဖွဲ့မှာ ဝန်ကြီးချုပ်က ဥက္ကဋ္ဌ၊ ဝန်ကြီးက ဒုဥက္ကဋ္ဌ(၁)၊ ကျွန်တော်က ဒုဥက္ကဋ္ဌ (၂)အနေနဲ့ ဖွဲ့စည်းထားတာပါ"ဟု သယံဇာတ၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးက ပြောဆိုသည်။

လျော့ကျနိုင်

ယခုကဲ့သို့ ကော်မတီဖွဲ့စည်း၍ ဆောင်ရွက် ခြင်းကြောင့် တရားမဝင်လုပ်ငန်းများ ယခင် ထက်များစွာလျော့ကျလာနိုင်သည်ဟု ၎င်းက ပြောဆိုသည်။

ပဲခူးတိုင်းဒေသကြီး၌ တရားမဝင်သယံ ဇာတတူးဖော်ခြင်းလုပ်ငန်းများသည် ခေတ် အဆက်ဆက်မှစ၍ ယနေ့အချိန်ထိ ခွင့်ပြုချက် လိုင်စင်ချပေးသည်ထက် အဆပေါင်းများစွာ ဖြစ်ပေါ်ခဲ့သည်ကို အဆိုပါကော်မတီက ကိုင် တွယ်ဖြေရှင်းမည်ဖြစ်ကြောင်းလည်း သိရသည်။

ထုတ်ပြန်ထား

ပဲခူးတိုင်းဒေသကြီး တရားမဝင်သယံ ဇာတလုပ်ငန်းများ ကြီးကြပ်ရေးကော်မတီသည် ရွှေလုပ်ငန်းများနှင့် အုတ်၊ သဲ၊ ကျောက်လုပ်ငန်း များ၌ လုပ်ပိုင်ခွင့်လိုင်စင်အား စိစစ်ကာချပေး မည်ဖြစ်ပြီး လုပ်ငန်းရှင်များအနေဖြင့်လည်း လုပ်ငန်းများလုပ်ကိုင်ရာတွင် ခွင့်ပြုချက်ကို ဗီနိုင်းချိတ်ဆွဲ၍ ဆောင်ရွက်ရမည်ဖြစ်ကာ လုပ်ပိုင်ခွင့်ရ မြေပုံခွင့်ပြု တည်နေရာ၊ လုပ်ပိုင် ခွင့်ရအတိုင်းအတာတို့ကို  ဖော်ပြပေးရမည် ဖြစ်ကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး