ဗီယက်နမ်ရေနံစိမ်းထုတ်လုပ်မှုမှာ ၂၀၂၅အထိတစ်နှစ်လျင် ၁၀ ရာခိုင်နှုန်းကျဆင်းဖွယ်ရှိကြောင်း၊ လက်ရှိတွင်းများတွင် အရန်အင်အားလျော့နည်းလာမှုကြောင့် ဖြစ်ကြောင်း ဗီယက်နမ် ရေနံနှင်သဘာဝဓာတ်ငွေ့အုပ်စု ဖြစ်သည့် ပက်ထရိုဗီယက်နမ်က အောက်တိုဘာ ၂၅ ရက်တွင် ဆိုသည်။
အဆိုပါ အစိုးရပိုင် လုပ်ငန်းက ဘတ်ဂျက်လျော့နည်း သဖြင့် တွင်းသစ်ရှာဖွေဖော်ထူတ်နိုင်မှုအားနည်းကြောင်းပြောသည်။ လက်ရှီ တွင်းများတွင် အရန်အင်အားလျော့နည်းလာမှုကြောင့် ဗီယက်နမ် ရေနံနှင်သဘာဝဓာတ်ငွေ့လုပ်ငန်း တည်ငြိမ်မှုနှင့် ဖွံ့ဖြိုးမှုအားထိခိုက်လာနေကြောင်း ဖြင့် လုပ်ငန်း၏ ဝက်ဘ်ဆိုက် ထုတ်ပြန်ချက်က ဆိုသည်။
လွန်ခဲ့သည့်ဧပြီတွင် တောင်တရုတ်ပင်လယ်၌ တင်းမာမှုများဖြစ်ပေါ်ခဲ့ခြင်းက ဗီယက်နမ် ကမ်းလွန် ရေနံနှင်သဘာဝဓာတ်ငွေ့လုပ်ငန်း ရှာဖွေစမ်းသပ်မှုများအား ထိခိုက်ခဲ့ကြောင်း ပက်ထရိုဗီယက်နမ်က အောက်တိုဘာ ၂၅တွင် ဆို သည်။
အဆိုပါလုပ်ငန်းမှ ကြေညာချက်အရ ၂၀၁၈ ခုနှစ်အတွက်ဗီယက်နမ်ရေနံစိမ်းအထွက်မှာ ၁၄ဒသမ၇ ရာခိုင်နှုန်းကျကာ မက်ထရစ်တန် ၁၁ဒသမ၃သန်း သို့မဟုတ် တစ်ရက် လျင်စည် ၂၂၇၁၃၀ သာထွက်မည်ဟု ဆိုသည်။
















