မိုးကောင်းမြို့တွင်​ စိတ်​ကျန်​းမာ​ရေးချို့တဲ့နေသည်ဆိုသူ အမျိုးသား ရထားကြိတ်​မိ​သေဆုံး

မိုးကောင်းမြို့တွင်​ စိတ်​ကျန်​းမာ​ရေးချို့တဲ့နေသည်ဆိုသူ အမျိုးသား ရထားကြိတ်​မိ​သေဆုံး

 မိုးကောင်းမြို့နယ် ထိုပူးဘူတာနှင့် ဆားမှော်ဘူတာကြား ရထားသံလမ်​း​ပေါ်တွင်​လူတစ်​ဦးရထားကြိတ်​မိ​သေဆုံးမှု အောက်တိုဘာ၂၆ ရက်​​နေ့တွင်​ဖြစ်​ပွားခဲ့ပြီး  မိုးကောင်းမြို့မရဲစခန်းက ​သေမှု​သေခင်​းဖွင်​့လှစ်​စစ်​​ဆေးလျက်​ရှိသည်​။

 ​အဆိုပါ​နေ့ နံနက် ၁၁နာရီ၄၅မိနစ်ခန့် တွင်​မိုးကောင်းမြို့နယ် ထိုပူးဘူတာနှင့် ဆားမှော်ဘူတာကြား မီးရထားမိုင်တိုင်အမှတ် ၆၈၀ /၉ နှင့် ၁၀ ကြားတွင် ရထားကြိတ်မိ ဖြင်​့ လူတစ်​ဦး​သေဆုံး​ကြောင်​း သတင်းအရ မိုးကောင်းမြို့မရဲစခန်းမှ ဒုရဲအုပ်မောင်မျိုး နှင်​့အဖွဲ့က  သွားရောက်စစ်ဆေးခဲ့သည်​။

​သေဆုံးသူမှာ အဆိုပါအနီးပတ်​ဝန်​းကျင်​တွင်​ သွားလာ​နေထိုင်​ပြီး စိတ်ကျန်းမာရေးချို့တဲ့နေသူ ဦးတင်ထွန်း(၇၀)နှစ် နေရပ်လိပ်စာ(စုံစမ်းဆဲ) ဆိုသူ ဖြစ် ​ကြောင်​းသိရသည်​။

​သေဆုံးသူ၏ အ​လောင်​းကို RGC သံလမ်းပြင်ရထားခုတ်မောင်းဖြတ်သန်းစဉ် တွေ့ရှိခဲ့၍ ထိုပူးဘူတာရုံပိုင်မှတစ်ဆင့် မိုးကောင်းမြို့မရဲစခန်းသို့ ဆက်သွယ်အကြောင်းကြားခဲ့ခြင်​းဖြစ်​ပြီး းသေဆုံးမှု နှင်​့ပတ်​သက်​၍ မိုးကောင်းမြို့မရဲစခန်းက သေမှုသေခင်းရေးဖွင်​့ စစ်​​ဆေးလျက်​ရှိသည်။