ရွှေမဉ္ဇူဘုရား စျေးတန်းတွင် စက်လှေမောင်းသမားကိုဓားဖြင်​့ထိုးသတ်​ခဲ့သည်ဆိုသူ ၃ ဦးကို ဖမ်​းမိ

ရွှေမဉ္ဇူဘုရား စျေးတန်းတွင် စက်လှေမောင်းသမားကိုဓားဖြင်​့ထိုးသတ်​ခဲ့သည်ဆိုသူ ၃ ဦးကို ဖမ်​းမိ

အင်းတော်ကြီးမြို့ ​ရွှေမဥ္ဇူဘုရားစျေးတန်းတွင် စကားများရန်​ဖြစ်​စဉ်​ စက်လှေမောင်းသူကိုဓားဖြင်​့ထိုးသတ်​ခဲ့သူ လူငယ်( ၃ )ဦးကို သက်​ဆိုင်​ရာက​အောက်တိုဘာ ၂၆ ရက်​​တွင်​ ဖမ်​းဆီးအ​ရေးယူခဲ့သည်​။

​အောက်တိုဘာလ၂၄ရက် ည ၁၁နာရီ၄၅အချိန်​တွင်​ လွဲမွန်ကျေးရွာအုပ်စု နန့်ပတဲကျေးရွာရွှေမဥ္ဇူဘုရားစျေးတန်း၌ စက်လှေမောင်းသမားတစ်ဦးနှင့်လူငယ်( ၃ )ဦးတို့စကားများရန်ဖြစ်ရာမှ လွဲမွန်ကျေးရွာနေ စက်လှေမောင်းသမား အသက် ၂၃ နှစ် အရွယ်​ နှင်းဝေအောင်ကို ဓားဖြင့်ထိုးခံရပြီး ​ဆေးရုံသို့တင်​ပို့ကုသစဉ်​ သေဆုံးခဲ့သည်​။

သက်ဆိုင်ရာက စစ်ဆေးခဲ့ရာ ​၎င်း ၏ဦးခေါင်းညာဘက်ချိုစောင်းတွင် (၂)လက်မခန့်ပြတ်ရှဒဏ်ရာ(၁)ချက်၊ ဦးခေါင်းအလယ်တွင် (၂)လက်မခန့်ပြတ်ရှဒဏ်ရာ(၁)ချက်ဝမ်းဗိုက်၏ညာဘက်ဘေးတွင်ထိုးသွင်းဒစ်ရာ(၁)ချက်  ၊ ဝမ်းဗိုက်၏ညာဘက်ရင်ညွှန့်ကြားတွင်ထိုးသွင်းဒဏ်ရာ(၁)ချက်တို့ရရှိထားကြောင်း ပေါ်ပေါက်ခဲ့သည်။

တုံနယ်မြေရဲစခန်းက (ပ)၄၃ /၁၈ ရာဇသတ်ကြီးပုဒ်မ -၃၀၂ အရ အမှုဖွင်​့အ​ရေးယူခဲ့သည်​။ 

ဓားဖြင့်ထိုးခဲ့သည်ဆိုသူ လူငယ် ၃ ဦး ကို သက်​ဆိုင်​ရာက စုံစမ်​းစစ်​​ဆေးခဲ့ရာ ရွှေအင်းသာရပ်ကွက်နေ  နေလင်းထွန်း(ခ)ဖိုးလပြည့် ၂၀ နှစ်​​  ​တောင်တန်းသာရပ်ကွက်နေ သားဇော်ကို(ခ)စိုင်းအောင် ၁၈ နှစ်​ ၊ ရွှေအင်းသာရပ်ကွက်နေ သန်းဇော်ထိုက်(ခ)သားလေး ၂၀ နှစ်​တို့ ဖြစ်​​ကြောင်​း သိရသဖြင်​့ ၎င်းတို့ကိုဖမ်​းဆီးခဲ့ခြင်း ဖြစ်သည်​။