ကြားဖြတ်ရွေးကောက်ပွဲ ပြည်သူလူထုစိတ်ပါဝင်စားမှု အားနည်းနေ

ကြားဖြတ်ရွေးကောက်ပွဲ ပြည်သူလူထုစိတ်ပါဝင်စားမှု အားနည်းနေ

လာမည့်နိုဝင်ဘာ ၃ ရက်၌ ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ် မဲဆန္ဒ နယ်ဖြစ်သည့် မကွေးတိုင်းဒေသကြီး မင်းဘူး (စကု)မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) နေရာ အတွက် ကိုယ်စားလှယ်လောင်းငါးဦး-ဝင်ရောက် ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ယင်းရွေးကောက်ပွဲအား ပြည်သူလူထုစိတ်ပါဝင်စားမှု အားနည်းကြောင်း မင်းဘူးခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ကျော်က ပြောဆိုသည်။

စိတ်ဝင်စားမှုအားနည်း

"ကြားဖြတ်ရွေးကောက်ပွဲကို မဲဆန္ဒရှင် ပြည်သူတွေ စိတ်ဝင်စားမှုအားနည်းပါတယ်။  မဲစာရင်းတွေကို ၁၄ ရက်တစ်ခါကြေညာပါ တယ်။ မဲဆန္ဒရှင်ပြည်သူတွေ မဲစာရင်းလာ ကြည့်တာ ရာခိုင်နှုန်း ၂၀ လောက်ပဲရှိပါ တယ်။ ပြည်သူတွေကိုလေ့လာသလောက် ၃၀၊ ၃၅ ရာခိုင်နှုန်းလောက်ပဲ စိတ်ဝင်စားမှုရှိမယ် ထင်တယ်" ဟု ဦးမြင့်ကျော်က ဆက်လက် ပြောဆိုသည်။

မင်းဘူး(စကု)မြို့နယ် ကြားဖြတ်ရွေးကောက် ပွဲတွင် မဲဆန္ဒနယ် အမှတ် (၂) နေရာအတွက်    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးကျော် ငွေ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှ ဦးစိန်ရွှေမင်း (ခ) မောင်ပိုက်၊ အမျိုး သားညီညွတ်တိုးတက်ရေးပါတီ (NDU)မှ ဦးအောင်ဌေး၊ တစ်သီးပုဂ္ဂလအဖြစ် ဦးသိန်း ထက်ဝေနှင့် ဦးသောင်းစိုးတို့ငါးဦးမှ ရွေးချယ် ခံကြမည်ဖြစ်ကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး