ချင်းတွင်းမြစ်လမ်းကြောင်းကောင်းမွန်ရေး ကျပ်သန်း ၆၅၀ ကုန်ကျခံပြုပြင်မည်

ချင်းတွင်းမြစ်လမ်းကြောင်းကောင်းမွန်ရေး ကျပ်သန်း ၆၅၀ ကုန်ကျခံပြုပြင်မည်

မုံရွာမြို့ကို အခြေပြု၍ ချင်းတွင်းမြစ်အထက် ပိုင်း စုန်ဆန်သွားလာကြသည့် ရေယာဉ်များ ရာသီမရွေးသွားလာနိုင်ရန် ချင်းတွင်းရေလမ်း ကြောင်း ကောင်းမွန်ချောမွေ့ရေးအတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပြည်ထောင်စုဘတ် ဂျက်ရန်ပုံငွေဖြင့် နှစ်စဉ်ရေကြောင်းကျပ်သည့် နေရာများ၊ သဲခုံ၊ သောင်ခုံ၊ တစုန်းပေါများသည့် နေရာများ၊ ရေကြောင်းကျဉ်းသည့် နေရာများကို ငွေကျပ်သန်း ၆၅၀ အကုန်အကျခံပြုပြင်မည်ဖြစ် ကြောင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

စတင်မည်

မုံရွာ- ဟုမ္မလင်း- ခန္တီးရေကြောင်းခရီး စဉ်၌  နှစ်စဉ်ရေကြောင်းကျပ်သည့်နေရာ ပေါင်း ၄၀ ကျော်ဝန်းကျင်ရှိသော်လည်း ချင်းတွင်း ရေကြောင်းတွင် နာမည်ကျော် ရေကြောင်း ကျပ်သည့်နေရာများဖြစ်သည့် အလုံရေကြောင်း၊  မော်လိုက်ရိုးလာရေကြောင်း၊ ရေစကြိုရွှေတစ် ချောင်းရေကြောင်းလမ်းတို့ကို စတင်ပြုပြင် မည်ဖြစ်သည်။

"ချင်းတွင်းမြစ်က မိုးရာသီမှာ ရေကြောင်း ကောင်းမွန်ပေမယ့် ဆောင်းရာသီကစတင်ပြီး နွေရာသီကာလတွေမှာ ရေကြောင်းကျပ်ပါ တယ်။ ချင်းတွင်းမြစ်ကြောင်းကို အားကိုးပြီး သွားလာနေကြရတဲ့  ပြည်သူတွေအဆင်ပြေ ချောမွေ့စေဖို့၊ အန္တရာယ်ကင်းရှင်းစေဖို့ရည်ရွယ် ပြီး ပြည်ထောင်စု ဘတ်ဂျက်ရန်ပုံငွေနဲ့ ရေလမ်း ကြောင်း ကောင်းမွန်အောင် ပြင်ဆင်သွားမှာ ဖြစ်ပါတယ်"ဟု တိုင်းဒေသကြီး  ရေအရင်း အမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူက ပြောဆိုသည်။

ချင်းတွင်းမြစ်ကို ရေနည်းကာလဖြစ်သော နိုဝင်ဘာ ၁၅ ရက်မှ မေ ၁၅ ရက်အထိလည်း ကောင်း၊ ရေများကာလကို မေ ၁၅ ရက်မှ နိုဝင်ဘာ ၁၅ ရက်အထိလည်းကောင်း သက် ဆိုင်ရာဌာနများက ထုတ်ပြန်ထားသည်။

သုံးစွဲမည်

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ချင်းတွင်း ရေကြောင်း ကောင်းမွန်ရေးအတွက်  ပြည် ထောင်စုဘတ်ဂျက်ရန်ပုံငွေဖြင့် အလုံရေလမ်း ကြောင်း ကောင်းမွန်ရေးအတွက် ငွေကျပ်သန်း ၁၀ဝ၊ မော်လိုက်ရေလမ်းကြောင်းကောင်းမွန် ရေးအတွက် ကျပ်သန်း ၂၀ဝ၊ ရိုးလာရေလမ်း ကြောင်း ကောင်းမွန်ရေးအတွက် ကျပ်သန်း ၁၅၀၊ မင်းကင်းရေလမ်းကြောင်း ကောင်းမွန် ရေးအတွက် ကျပ်သန်း ၁၀ဝ၊ ရွှေတစ်ချောင်း ရေစကြိုရေလမ်းကြောင်း ကောင်းမွန်ရေးအတွက် ကျပ်သန်း ၁၀ဝ စုစုပေါင်းကျပ်သန်း၆၅၀ ဖြင့် ဆောင်ရွက်မည်ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး