ကမ္ဘောဒီးယားအထည်ချုပ်လုပ်ငန်းမှ ပြည်ပပို့ကုန်မှာ ယခုနှစ် ပထမနှစ်ဝက်တွင် ယမန်နှစ်ကာလတူထက် ၁၀ ဒသမ ၇၃ ရာခိုင်နှုန်းပိုမိုမြင့်တက်လာကြောင်း၊ အကောက်ခွန် ကုန်သွယ်မှု အခွင့်ထူးများအားပြန်လည်ရုပ်သိမ်းရန် အီးယူ၏ခြိမ်းခြောက်မှုရှိနေသည့်တိုင် အားကောင်းဆဲဖြစ်ကြောင်း အောက်တိုဘာ ၂၅ ရက် တရားဝင်စာရင်းများအရ သိရသည်။
လူ ၇၀ဝ၀ဝ၀ ခန့်အလုပ်ရနေပြီး နိုင်ငံ့စီးပွားရေးအဓိကမဏ္ဍိုင်အပေါ် အီးယူ၏ကုန်သွယ်ရေး ပိတ်ပင်ဖွယ်ခြိမ်းခြောက်မှုအား ကမ္ဘောဒီးယားအထည်ချုပ်လုပ်သားများက စိုးရိမ်ကြောက်ရွံ့ နေပြီး ထုတ်လုပ်သူများကမူ အကောင်းမြင်လျက်ရှိနေသေးသည်။
၃၃ နှစ် ကြာအာဏာရခဲ့သူ ဟွန်ဆန်က ဇူလိုင်ရွေးကောက်ပွဲတွင် ထပ်မံအနိုင်ရပြီးနောက် ချိုးဖောက်မှုများကြောင့်ဟု ဆိုကာ ကမ္ဘောဒီးယား၏အကြီးဆုံးဈေးကွက် အီးယူက ပိတ်ပင် အရေးယူရန်ခြိမ်းခြောက် မှုအား ယခုလထဲတွင် ပြုလုပ်ခဲ့သည်။
အဆိုပါခြိမ်းခြောက်မှုများကြောင့် အီးယူအထူးအခွင့် အရေးနေသော လက်ရှိနိုင်ငံဂျီဒီပီ၏ရာခိုင်နှုန်း ၄၀ ရှိနေသည့် အထည်ချုပ်တင်ပို့မှုနှင့် သကြားကဲ့သို့သောလုပ်ငန်းများမှာ စိုးရိမ်ဖွယ်ဖြစ်ခဲ့သည်။
ကမ္ဘောဒီးယားအထည်ချုပ် လုပ်ငန်းမှ ပြည်ပပို့ကုန်တန်ဖိုးမှာ ယခုနှစ်ပထမနှစ်ဝက်တွင် ဒေါ်လာ ၃ ဒသမ ၂ ဘီလီယံ ရရှိထားရာ ယမန်နှစ်ကာလတူ၏ ဒေါ်လာ ၂ ဒသမ ၉ ဘီလီယံထက် ပိုမိုတိုးတက်လာ ကြောင်း စီးပွားကူးသန်းဝန်ကြီးဌာနကဆိုသည်။
















