ဟားခါး ခုတင် ၂၀ဝ ဆံ့ဆေးရုံကြီးတွင် ကျောက်ကပ်ဆေးစက်တပ်ဆင်မည်

ဟားခါး ခုတင် ၂၀ဝ ဆံ့ဆေးရုံကြီးတွင် ကျောက်ကပ်ဆေးစက်တပ်ဆင်မည်

ချင်းပြည်နယ် ဟားခါးမြို့ခုတင် ၂၀ဝ ဆံ့ဆေးရုံကြီးတွင် ကျောက်ကပ်ဆေးစက်ကို မကြာ မီတပ်ဆင်တော့မည်ဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့က ဆိုသည်။ 

“ ကျွန်တော်တို့ ဟားခါးဆေးရုံကြီးမှာ ကျောက်ကပ်ဆေးစက်တပ်ဆင်ဖို့အတွက် အဓိက ရေလိုအပ်နေပါတယ်။ စည်ပင်သာယာရဲ့ရေနဲ့ အဆင်ပြေတဲ့အတွက်ကြောင့် လေးမိုင်ဝေးတဲ့နေရာကနေ ရေသွယ်တန်းတပ်ဆင်ပြီးတာနဲ့ စတင်မှာပါ။ ကျောက်ကပ်ဆေးတာကတော့ အရင်ကဆိုရင် ရန်ကုန်လောက်မှာမှ လုပ်လို့ရတာပါ။ အခုဆိုရင် ချင်းပြည်နယ်မှာ ပထမဦးဆုံးကျောက်ကပ်ဆေးလို့ရတော့မှာ ဖြစ်ပါတယ်။ မြို့နယ်ဆေးရုံတချို့ကိုလည်း ခုတင်တိုးပေးလိုက်တယ်။ နောက်ထပ်လည်း ဒီနှစ်ထဲတိုးပေးဖို့တင်ပြထားတာရှိပါတယ်” ဟု ချင်းပြည် နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်က ပြောသည်။ 

အဆိုပါကျောက်ကပ်ဆေးစက်အတွက် ရေလိုအပ်လျက်ရှိနေပြီး ရေသွယ်တန်းရရှိပါက ကျောက်ကပ် ဆေးစက်ကို စတင်လည်ပတ်နိုင်မည်ဖြစ်သည့်အပြင် ချင်းပြည်နယ် ထန်တလန်၊ ကန်ပက်လက်၊ မတူပီမြို့နှင့် ပလက်ဝမြို့နယ်ရှိ ဆေးရုံများကို ခုတင်တိုး၍ အဆင့်တိုးမြှင့်ထားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး