ရေကြီးပျက်စီးမှုများကြောင့် စီးပွားရေးထိခိုက်ခဲ့သည့်လာအို ပြည်တွင်းသုံးငွေအမြောက်အမြား အကူအညီထပ်မံတောင်းခံ

ရေကြီးပျက်စီးမှုများကြောင့် စီးပွားရေးထိခိုက်ခဲ့သည့်လာအို ပြည်တွင်းသုံးငွေအမြောက်အမြား အကူအညီထပ်မံတောင်းခံ

ယခုနှစ်အတွင်း ရေကြီး၍ပျက်စီးမှုများကြောင့်  လာအိုအစိုးရက နောက်အကူအညီ လာအိုသုံးငွေ ကစ်ခြောက်ထရီလီယံလိုအပ်ကြောင်းခန့်မှန်းလိုက်ပြီး အထူးသဖြင့် သယ်ယူ ပို့ဆောင်ရေးနှင့်စိုက်ပျိုးရေးကဏ္ဍများတွင် လိုအပ်ကြောင်း ဆိုသည်။

ယင်းမှာရေတိုအကူ အညီလုပ်ငန်းဖြစ်ပြီး ရေရှည်အတွက် စိုက်ပျိုးထုတ်လုပ်ရေး၊ အခြေခံအဆောက်အအုံ၊ လူမှုရေးကဏ္ဍများအား ပြန်လည်ထူထောင်ရန် အကူအညီလိုအပ်ခြင်းဖြစ်ကြောင်း ဆိုသည်။

အောက်တိုဘာ ၂၅ ရက်ကကျင်းပသည့် ကယ်ဆယ်ရေးအစည်းအဝေးတွင် လာအို အလုပ်သမားနှင့်လူမှုဝန်ကြီး ခမ်ဖောင်ဆေဆွန်ဖုန်၊ ကမ္ဘာ့ဘဏ်၏ ဌာနေကိုယ်စားလှယ် နီကိုလာပွန်တာရာ၊UNDP ကိုယ်စားလှယ် ခါရိနာအီမိုနမ်နှင့် EUကိုယ်စားလှယ် ခိုရမ်အီဘာရတ်တို့ တက်ရောက်သည်။