ဟုမ္မလင်းမြို့အနီး ဗဟိုပြု၍ အင်အားနည်း ငလျင်လှုပ်ခတ်

ဟုမ္မလင်းမြို့အနီး ဗဟိုပြု၍ အင်အားနည်း ငလျင်လှုပ်ခတ်

ယနေ့အောက်တိုဘာ ၂၇ ရက် နံနက် ၃ နာရီကျော်က စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့အနီး ဗဟိုပြု၍ အင်းအားအနည်းငယ်မြေငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်သည်။

ယင်းနေ့ နံနက် ၃ နာရီ၊ ၁၉ မိနစ်၊ ၅၂ စက္ကန့်တွင် တမူးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၆၃)မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ဟုမ္မလင်းမြို့၏ အရှေ့တောင်ဘက် မိုင်(၂၀)ခန့်အကွာ) မြောက်လတ္တီတွဒ် ၂၄ ဒသမ ၇၀ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒသမ ၁၇ ဒီဂရီ၊ အနက်(၉၅)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၄ ဒသမ ၅ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက တိုင်းထွာရရှိခဲ့သည်။

ယခုနှစ်ဆန်းပိုင်းတွင်မြေငလျင်များဆက်တိုက်လှုပ်ခတ်ခဲ့ရာ ပြီးခဲ့သည့် ဇန်နဝါရီလတွင် အင်အားအသင့်အတင့်နှင့်အင်အားနည်းမြေငလျင် ၃၂ကြိမ်|ဖေဖော်ဝါရီလတွင် အင်အား အသင့်အတင့်နှင့်အင်အားနည်းမြေငလျင် ၁၃ကြိမ်| မတ်လတွင် အင်အားအသင့်အတင့် နှင့်အင်အားနည်းမြေငလျင် ၁၀ကြိမ်၊ဧပြီလတွင် အင်အားအသင့်အတင့်နှင့်အင်အားနည်း မြေငလျင် ၁၉ ကြိမ်နှင့်မေလတွင်လည်း အင်အားအသင့်အတင့်နှင့် အင်အားအနည်းငယ်မြေငလျင် ကိုးကြိ်မ်လှုပ်ခဲ့သည်။ 

ထို့ပြင် ဇွန်လတွင်လည်း အင်အားအသင့်အတင့်နှင့် အင်အားနည်း မြေငလျင် ၁၅ ကြိမ် | ဇူလိုင်လတွင် အင်အားအသင့်အတင့်နှင့် အင်အားနည်းမြေငလျင် ခုနစ်ကြိမ်၊ သြဂုတ်လတွင် အင်အားအနည်းငယ် နှင့် အင်အားအသင့်အတင့် မြေငလျင် ရှစ်ကြိမ်၊ စက်တင်ဘာလတွင် အင်အားအသင့်အတင့်နှင့် အင်အားနည်း မြေငလျင် ရှစ်ကြိမ်နှင့် ယခုလတွင် ခုနစ်ကြိမ်လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး