ဆော်ဒီသတင်းစာဆရာ ဂျမဲလ်ခါရှောဂီသတ်ဖြတ်ခံရမှုသည် အရှေ့အလယ်ပိုင်းဒေသတွင်း တည်ငြိမ်မှုကို လျော့ပါးစေမည်ဖြစ်ကြောင်း ပင်တဂွန်အကြီးအကဲ အမေရိကန်ကာကွယ်ရေးဝန်ကြီး ဂျင်မက်တစ်က ပြောဆိုခဲ့သည်။
အိမ်ဖြူတော်သို့ လာရောက်ရန် ခါရှောဂီ၏ချစ်သူ တူရကီအမျိုးသမီးအား ထရမ့်ကဖိတ်ကြားသည်ကို ၄င်းက ပမာမခန့်ပြုခဲ့သည်။ ခါရှောဂီအရေးအပေါ် အမေရိကန်ပြည်ထောင်စုက နောက်ထပ်အရေးယူဆောင်ရွက်လိမ့်မည်ဖြစ်ကြောင်းလည်း မက်တစ်က ပြောဆိုခဲ့သည်။
ဘာရိန်းတွင် ကျင်းပသည့် လုံခြုံရေးကွန်ဖရင့်တစ်ရပ်၌ မက်တစ်က ယင်းသို့ထည့်သွင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။ မက်တစ်သည် ခါရှောဂီအသတ်ခံရမှုနှင့် ဆော်ဒီဘုရင်မိသားစုတို့ကို တိုက်ရိုက်ဆက်နွှယ် ပြောဆိုလေ့ မရှိပေ။
မည်သည့်နိုင်ငံမဆို ဒေသတွင်း တည်ငြိမ်မှုမလျော့ပါးအောင် အလိုအပ်ဆုံး လိုက်နာရမည့်ဥပဒေများ စောင့်ထိန်းရမည့်နိုင်ငံတကာစံနှုန်းများ မလိုက်နာပါက ကျဆုံးနိုင်ကြောင်း ပြောဆိုခဲ့သည်။
ခါရှောဂီ၏ချစ်သူ တူရကီအမျိုးသမီး ဟာတီစီဆန်ဂိဇ်က အိမ်ဖြူတော်သို့ ထရမ့်က ၄င်းကိုဖိတ်ခေါ်ခြင်းသည် အမေရိကန်တွင် အများသဘောထားအမြင်ကိုလွှမ်းမိုးစေရန် ရည်ရွယ်သည်ဟု ထင်မြင်ကြောင်း ပြောဆိုကာ ငြင်းပယ်ခဲ့သည်။ သမ္မတထရမ့်သည် ဆော်ဒီတို့ဖြေရှင်းမှုအပေါ် ကျေနပ်မှုမရှိဟု ပြောဆိုခဲ့သော်လည်း အမေရိကန် ဆော်ဒီ နှစ်နိုင်ငံဆက်ဆံရေး အရေးကြီးပုံကိုထောက်ပြခဲ့ပြီး ခါရှောဂီသတ်ဖြတ်မှုကို ဆော်ဒီအိမ်ရှေ့စံသိနိုင်ခြေမရှိဟုလည်း ပြောဆိုထားသည်။
ခါရှောဂီအသတ်ခံခဲ့ရကြောင်း အထောက်အထားများသည် ကြိုတင်ပြင်ဆင်ထားမှုဟု ဆော်ဒီအစိုးရရှေ့နေက ပြောဆိုခဲ့ရာ ယခင်ကတရားဝင်ထုတ်ပြန်ထားသည့် ဆော်ဒီကောင်စစ်ရုံးအတွင်း ရန်ပွဲ၌သေဆုံးခဲ့သည်ဆိုခြင်းနှင့် ကွဲလွဲခဲ့သည်။ ဆော်ဒီတို့သည် ခါရှောဂီအား လုံခြုံရေးအရ ဆော်ဒီအာရေဗျသို့ပြန်ခေါ်ရန် ကြိုးပမ်းရာမှ မတော်တဆ သတ်ဖြတ်ခဲ့မိကြောင်းလည်း ပြောဆိုထားသည်။

















