မွန်ပြည်နယ်အတွင်း တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ်နှင့် စာပေဖွံ့ဖြိုး တိုးတက်ရေးအတွက် ဘဏ္ဍာငွေများခွဲဝေသုံး စွဲခွင့်ချထားပေးရာတွင် လိုအပ်ချက်များရှိနေ ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံ ဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး (ပြည်နယ်မွန်စာပေနှင့် ယဉ်ကျေးမှု ကော်မတီဥက္ကဋ္ဌ) ဒေါက်တာမင်းကြည်ဝင်းက ပြောဆိုသည်။
မွန်ကများပြား
"မွန်ပြည်နယ်မှာဆို မွန်တိုင်းရင်းသားတွေ က လူဦးရေအရအများဆုံးပါ။ လူဦးရေနဲ့ တိုင်းရင်းသားတွေရဲ့ လုပ်ဆောင်ချက်အပေါ် မှာ ဘတ်ဂျက်ဆွဲတဲ့အခါ လူဦးရေများရင် ဘတ်ဂျက်လည်း နည်းနည်းပိုပေးသင့်တယ်။ ဘတ်ဂျက်ခွဲဝေမှုအရ ဘယ်လိုပေးလဲတော့ မသိဘူးပေါ့။ လိုအပ်ချက်ရှိတယ်လို့တော့ မြင် တယ်။ မွန်ပြည်နယ်မှာဆို မွန်၊ ကရင်၊ ပအိုဝ်း၊ ဗမာတိုင်းရင်းသားတွေ အများဆုံး နေထိုင်တဲ့ အထဲမှာ မွန်ကများပါတယ်။ မွန်မှာဆိုရင် အခြားတိုင်းရင်းသားတွေအတွက် ဆိုင်ရာ ဝန်ကြီးတွေရှိတယ်။ မွန်အတွက်တော့ ပြည်နယ် ဝန်ကြီးချုပ်ကပဲ တာဝန်ယူဆောင်ရွက်ပါတယ်"ဟု ဒေါက်တာမင်းကြည်ဝင်းက ပြောဆိုသည်။
သုံးခွင့်ပြု
၂၀၁၈–၂၀၁၉ ဘဏ္ဍာနှစ်တွင် မွန်ပြည် နယ်၏ ရသုံးမှန်းခြေငွေစာရင်းဆိုင်ရာ အချက် အလက်များ (Citizens Budge)အရ တိုင်း ရင်းသားများ၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ် နှင့် စာပေဖွံ့ဖြိုးရေးအတွက် ငွေကျပ်သိန်းပေါင်း ၄၅၀ဝ အသုံးပြုခွင့်ရရှိထားကြောင်း သိရသည်။
အဆိုပါ ကျပ်သိန်း ၄၅၀ဝ ထဲမှ မွန်တိုင်း ရင်းသားများအတွက် ကျပ်သိန်း ၁၀ဝ၀၊ ကရင်တိုင်းရင်းသားများအတွက် ကျပ်သိန်း ၁၅၀ဝ၊ ပအိုဝ်းတိုင်းရင်းသားများအတွက် ကျပ် သိန်း ၁၀ဝ၀၊ ဗမာတိုင်းရင်းသားများအတွက် ကျပ်သိန်း ၁၀ဝ၀ ရရှိထားသည်။
ယခုနှစ်ရရှိသောငွေများကို မွန်တိုင်းရင်း သားများ၏ စာပေနှင့်ယဉ်ကျေးမှုအမွေအနှစ် များမပျောက်ပျက်စေရန်၊ ထိန်းသိမ်းစောင့်ရှောက် ရန် သင်တန်းများဖွင့်လှစ်သင်ကြားရေး၊ မွန် အမျိုးသားအထိမ်းအမှတ်ပွဲများ ကျင်းပခြင်း ကို ပြုလုပ်သွားမည်ဖြစ်သည်။ ပအိုဝ်းတိုင်းရင်း သားများ၏ ပအိုဝ်းဘာသာစာပေပုံနှိပ်ရန်၊ သင်တန်းများဖွင့်လှစ်သင်ကြားခြင်း၊ ပအိုဝ်း အမျိုးသားနေ့ အထိမ်းအမှတ်ပွဲများကျင်းပ ခြင်းတို့အတွက် အသုံးပြုမည်ဖြစ်သည်။
မွန်ပြည်နယ်တွင် လူဦးရေသန်း ၂၀ ကျော်နေထိုင်ပြီး မွန်တိုင်းရင်းသား ၈၆၀ဝ၀ဝ ကျော်၊ ဗမာတိုင်းရင်းသား ၇၇၀ဝ၀ဝကျော်၊ ပအိုဝ်းတိုင်းရင်းသား ၆၇၀ဝ၀ကျော်၊ ကရင် တိုင်းရင်းသား ၂၄၀ဝ၀ဝ ကျော်နှင့် အခြားတိုင်း ရင်းသားလူနည်းစုများ စုပေါင်းနေထိုင်ကြ ကြောင်း ၂၀၁၄ ခုနှစ်တွင် ကောက်ယူသော သန်းခေါင်စာရင်းအရ သိရသည်။















