ဖမ်းဆီးရမိသည့် တရားမဝင် သစ်နှင့် သစ်တောထွက်ပစ္စည်း တန်ရှစ်ရာကျော်ကို လေလံတင်ရောင်းမည်

ဖမ်းဆီးရမိသည့် တရားမဝင် သစ်နှင့် သစ်တောထွက်ပစ္စည်း တန်ရှစ်ရာကျော်ကို လေလံတင်ရောင်းမည်

ကလေးခရိုင်သစ်တောဦးစီးဌာနက ဖမ်းဆီးရမိသည့် တန်ရှစ်ရာကျော်ရှိ တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်း အမျိုးအစားလေးမျိုးကို ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချပေးခြင်းအား အောက်တိုဘာ ၃၀ ရက် နံနက် ၁၀ နာရီ တွင် ခရိုင်သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးရုံး၌ ပြုလုပ်မည်ဖြစ်ကြောင်း လေလံတင်ရောင်းချရေးကော်မတီက ထုတ်ပြန်သည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဒေသခံပြည်သူများ နေအိမ်ဆောက်လုပ်ရန် သစ်လိုအပ်ချက်အပေါ် အမှန်တကယ်သုံးစွဲခွင့်ရရှိရေးကိုရည်ရွယ်၍ လေလံတင်ရောင်းချပေးခြင်းဖြစ်သည်ဟု ဆိုသည်။

ကလေးခရိုင်အတွင်း ဖမ်းဆီးရမိသည့် တရားမဝင် သစ်နှင့် သစ်တောထွက်ပစ္စည်းများမှာ ကျွန်းသစ် ၆၃၉ လုံး(၁၇၂ ဒသမ ၅၁၇ တန်)၊ ကျွန်းခွဲသား ၂၅၁၈ ချောင်း(၉၆ ဒသမ ၃၆၂၁ တန်)၊ သစ်မာသစ်လုံး ၂၂၂ လုံး (၁၀၁ ဒသမ ၇၀၈၉ တန်)၊ သစ်မာခွဲသား ၁၄၉၃၁ ချောင်း(၄၇၉ ဒသမ ဝ၅၆၃ တန်) စုစုပေါင်း ၈၄၉ ဒသမ ၆၄၄၃ တန်ရှိ သစ်လေးမျိုးတို့ဖြစ်သည်။

စစ်ကိုင်းတိုင်းဒေသကြီး သစ်တောဦးစီးဌာနတွင် တရားဝင်မှတ်ပုံ တင်လိုင်စင်ရရှိထား သည့် သစ်အခြေခံအိမ်တွင်းစက်မှုလက်မှုလုပ်ငန်းရှင်များ၊ သစ်စက်သေး/ သစ်စက်ကြီးနှင့် အချောထည်စက်/ လျှာထိုးစက်လုပ်ငန်းရှင်များ၊ သစ်အရောင်းဆိုင်လုပ်ငန်းရှင်များ၊ ပရိဘောဂလုပ်ငန်းရှင် များ၊ အစိုးရဌာနမှ ဌာနပိုင်အဆောက်အဦများ၊ လမ်းတံတားများဆောက်လုပ်ရန် အတွက် အစိုးရဌာနအသီး သီးတွင် တင်ဒါအောင်မြင်သည့်ကုမ္ပဏီများမှ သစ်လိုအပ်ချက်အပေါ်မူတည်၍ လိုအပ်သည့်အချက်အလက်၊ အထောက်အထားများနှင့်အတူ လေလံဆွဲဝယ်ယူနိုင်မည်ဖြစ်ကြောင်း ကလေးခရိုင်ဈေးပြိုင်လေလံတင် ရောင်း ချရေးကော်မတီက လေလံအမှတ်စဉ် (၁/၂၀၁၈- ၂၀၁၉)ဖြင့် ကြေညာထားသည်။ 

 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး