ဧရာဝတီနှင့် ချင်းတွင်းမြစ်ရေများ ကျဆင်းမည်ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
နိုဝင်ဘာလအတွင်း ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့နှင့် ကသာမြို့တို့တွင် ၂-ပေ မှ ၃ပေခန့်၊သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့နှင့် မြင်းမူမြို့တို့တွင် ၃-ပေ မှ ၅ပေခန့်၊ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် ၅-ပေ မှ ၇ပေခန့် လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင်သည်ဟု ထုတ်ပြန်ခဲ့သည်။
အလားတူ ချင်းတွင်းမြစ်ရေသည်လည်း ခန္တီးမြို့၊ ဟုမ္မလင်းမြို့နှင့် ဖောင်းပြင်မြို့တို့တွင် ၂-ပေမှ ၃-ပေခန့်နှင့်မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် ၃-ပေ မှ ၆-ပေခန့် လက်ရှိရေမှတ်များအောက်ကျဆင်းလာနိုင်ကြောင်း မိုး / ဇလက ထုတ်ပြန်သည်။
ထို့ပြင် ဆောင်းရာသီကာလ၌လည်း ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့တို့တွင် (၅) ပေခွဲမှ (၆) ပေခွဲခန့်၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့တို့တွင် (၉) ပေခွဲမှ (၁၁)ပေခွဲခန့်၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့ တွင် (၁၂)ပေခွဲခန့်မှ (၁၄)ပေခန့်လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင်ကြောင်း ၊ ချင်းတွင်းမြစ်ရေ သည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့နှင့် ဖောင်းပြင်တို့တွင် (၇)ပေမှ (၈) ပေခွဲခန့်နှင့် မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် (၁၀) ပေခွဲခန့်မှ (၁၁)ပေခန့် လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
















