ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးနယ်မြေအဖြစ် ထပ်မံတိုးချဲ့သတ်မှတ်ထားသော စစ်ကိုင်းတိုင်း ကသာမြို့နယ် ထုံးရဲရွာနှင့်ဆင် ကုန်တိုင်ရွာမှ ထီးချိုင့်မြို့နယ် မောင်းကုန်းရွာ နှင့် ကျွန်းကြီးရွာအထိ အပိုင်းကို တားမြစ်ဧရိ ယာအဖြစ် သတ်မှတ်လိုက်ကြောင်း စစ်ကိုင်း တိုင်းငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူး ဦးထွန်း ထွန်းဝင်းထံမှ သိရသည်။
တင်းကျပ်စွာတားမြစ်
"စစ်ကိုင်းတိုင်း ရေချိုငါးလုပ်ငန်းဥပဒေ ပုဒ်မ ၂၁ (ဃ)နဲ့ ၅၈(ခ)တို့မှာအပ်နှင်းထားတဲ့ တာဝန်ကိုကျင့်သုံးပြီး ဧရာဝတီလင်းပိုင်တွေ မျိုးပြုန်းတာကာကွယ်ဖို့ ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးနယ်မြေကို တားမြစ်နယ်မြေ အဖြစ် သတ်မှတ်ထားပါတယ်။ တားမြစ်နယ်ထဲ ငါးဖမ်း ကိရိယာသုံးငါးဖမ်းတာမလုပ်ဖို့ တား မြစ်ထားတာပါ။ ရေလမ်းကြောင်းပိတ်ချထားတဲ့ တန်းပိုက်တွေ၊ ကမ်းတစ်ဖက်နဲ့တစ်ဖက် ပိတ် တားထားတဲ့ တန်းပိုက်တွေ၊ အလျားပေ ၃၀ဝ ထက် ပိုတဲ့မျှောပိုက်တွေ၊ ဘက်ထရီကျဉ်စက် မီးစက်နဲ့ ရှော့ခ်တိုက်ငါးဖမ်းတာတွေ၊ အဆိပ်ချ မိုင်းခွဲငါးဖမ်းတာတွေကို တင်းတင်းကျပ်ကျပ် တားမြစ်ထားတာပါ"ဟု ၎င်းက ပြောဆိုသည်။
သတ်မှတ်ထား
ဧရိယာအကျယ်ပြန့်ဆုံးနှင့် ဧရာဝတီ လင်းပိုင် အများဆုံးကျက်စားလျက်ရှိသည့် ထီးချိုင့်မြို့နှင့် ရွှေကူမြို့ကြားအပိုင်းကို ဧရာဝတီ လင်းပိုင် ထိန်းသိမ်းရေးဧရိယာအဖြစ် တိုးချဲ့ ထားသည်။ တိုးချဲ့ထားသော ထီးချိုင့်မြို့နှင့် ရွှေကူမြို့အကြား ဧရာဝတီလင်းပိုင်ထိန်းသိမ်း ရေးဧရိယာ တိုးချဲ့ မှုဖွင့်ပွဲကို အောက်တိုဘာ ၂၇ရက်တွင် ကသာ မြို့ကမ်းနားလမ်းဗျူးပွိုင့်၌ ကျင်းပခဲ့သည်။
ငါးလုပ်ငန်းဦးစီးဌာနမှ အခါအားလျော်စွာ တားမြစ်သည့် ငါးဖမ်းကိရိယာ၊ ငါးဖမ်းနည်း စနစ်များကို ရေလုပ်သားများအနေဖြင့် တား မြစ်သည့် ငါးဖမ်းကိရိယာများမှအပ မျှောပိုက် များချထားဖမ်းယူရာတွင် တစ်ဖုံနှင့်တစ်ဖုံကြား ပေ ၆၀ဝ ချန်လှပ်ထားရန် သတ်မှတ်ထား သည်။
ပြန်လွှတ်ပေး
"ရေလုပ်သားတွေ၊ ငါးလုပ်ငန်းလုပ်သူ တွေဟာ ဧရာဝတီလင်းပိုင်တွေကို ဖမ်းဆီး သတ်ဖြတ်တာ၊ တစ်ကောင်လုံးဖြစ်ဖြစ်၊ အစိတ် အပိုင်းဖြစ်ဖြစ် ရောင်းဝယ်တာမပြုလုပ်ဖို့နဲ့ မျှောပိုက်တွေမှာ ဧရာဝတီလင်းပိုင်နဲ့ သား ပေါက်ငယ်တွေ မတော်တဆဖမ်းမိရင်မြစ်ထဲ ကို အရှင်အတိုင်းပြန်လွှတ်ပေးဖို့ လိုပါတယ်"ဟု ကသာမြို့ လင်းပိုင်ကယ်ဆယ်ရေးအဖွဲ့မှ ဦးတင်နေဝင်းက ရှင်းပြခဲ့သည်။
















