အီတလီနိုင်ငံအခြေစိုက် ENI ဖောင်ဒေး ရှင်း၏အလှူငွေဖြင့် မကွေးမြို့နယ်၊ မြို့သစ် မြို့နယ်နှင့်အထက်မင်းလှမြို့နယ် သုံးမြို့နယ် တို့တွင် ကျန်းမာရေး၊ စိုက်ပျိုးရေးနှင့် ရေရရှိရေး လုပ်ငန်းများ ကို ၂၀၁၇ ခုနှစ်ကစ၍ အဆိုပါ သုံးမြို့နယ်မှ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနနှင့်ညှိနှိုင်းကာ သောက်သုံးရေ လိုအပ်လျက်ရှိသော ကျေးရွာများအား သောက် သုံးရေရရှိရေးအတွက် ၂၀၁၈ ခုနှစ်မှစတင် ကာ လုပ်ငန်းများအကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိကြောင်း စီမံကိန်းအင်ဂျင်နီယာ ဦးသုခစိုးက အောက်တိုဘာ ၂၆ ရက် တွင် မြန်မာတိုင်းမ်နေ့စဉ်သို့ ပြောဆိုသည်။
မကွေးမြို့နယ် အမျိုးသားလွှတ်တော်ကိုယ် စားလှယ် ဦးလှဆန်း(စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ရေကော်မတီဝင်)၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခင်မောင်ကျော်တို့သည် တာဝန်ရှိသူများနှင့် အတူ အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းက မကွေးမြို့နယ် စူးကောက်စမ်းကျေးရွာတွင် တူးဖော်လျက်ရှိသော ခြောက်လက်မပိုက်စက် ရေတွင်းအား ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။
ရေအလှူရှင် အီတလီအခြေစိုက် ENI ဖောင်ဒေးရှင်းမှ စီမံကိန်းအင်ဂျင်နီယာ ဦးသုခ စိုးနှင့် စက်ရေတွင်းတာဝန်ယူတည်ဆောက်သူ AVSI ဖောင်ဒေးရှင်းနှင့် လင်းမြတ်မင်းကုမ္ပဏီ တို့မှ တာဝန်ရှိသူများက တူးဖော်လျက်ရှိသော စက်ရေတွင်း၏ရေထွက်နှုန်းနှင့်လုပ်ငန်းဆောင် ရွက်မှုများကို ရှင်းလင်းပြသကြသည်။
"ကျွန်တော်တို့ စူးကောက်စမ်းကျေးရွာက သောက်သုံးရေရှားပါးပါတယ်။ ခြောက်လက်မ ပိုက်စက်ရေတွင်းက ရေအောင်ပါပြီ။ တစ်နာရီ ဂါလန် ၄၈၀ဝ၊ ပိုက်ချ ၅၀၃ ပေ၊ တွင်းအနက် ၅၁၆ ပေ၊ ရေစင်နဲ့အင်ဂျင်စက်ရုံပါတယ်။ ENI ဖောင်ဒေးရှင်းက မတည်လှူဒါန်းခဲ့တာ ကျေးဇူးတင်ပါတယ်။ ရွာထဲမှာရှိတဲ့ အိမ်တိုင်း ဒီရေစင်ကရေနဲ့ အိမ်အရောက်ရေသွယ်ဖို့ကို တော့ ဆက်ပြီးကြိုးစားသွားရဦးမှာပါ။ လူဦးရေ ၁၆၀ဝ ကျော်နဲ့ ကျွဲနွား ၈၀ဝ ကျော် သောက် သုံးရေ ရေကောင်းရေသန့်ရလို့ အင်မတန်မှ ကျေးဇူးတင်ပါတယ်"ဟု စူးကောက်စမ်းကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးဦးကျော်ကျော်က မီဒီယာ အား ပြောဆိုသည်။
ထို့အတူ ရေရှားပါးပြီး သောက်သုံးရေ လိုအပ်လျက်ရှိသော မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်ရှိ ကိုးရွာတဲတိုက်၊ ကြို့ပင် အင်းကျေးရွာအုပ်စု၊ ကြာကန်အုပ်စု၊ မြို့မိ၊ သက်ရင်းတော၊ သပြေစမ်း(တောင်)ရွာ၊ ကန် စွယ်ရွာ၊ ကန်တော်ရွာ၊ အင်းနက်ကုန်းရွာ စသည့်ကျေးရွာ ၁၀ ရွာတို့တွင် စက်ရေတွင်း တစ်တွင်းစီကိုလည်းကောင်း၊ မြို့သစ်မြို့နယ် ရှိ ကျေးရွာငါးရွာတွင် စက်ရေတွင်း တစ်တွင်း စီကိုလည်းကောင်း၊ မင်းလှမြို့နယ်တွင် စက် ရေတွင်းတစ်တွင်းနှင့် မြေသားရေကန် ခုနစ် ကန်တို့ကိုလည်းကောင်း အီတလီနိုင်ငံအခြေ စိုက် ENI ဖောင်ဒေးရှင်းက ခြောက်လက်မ ပိုက်စက်ရေတွင်း၊ ရေစင်၊ အင်ဂျင်စက်ရုံ အဆောက်အအုံများအပါအဝင် လှူဒါန်းမည် ဖြစ်ပြီး AVSI ဖောင်ဒေးရှင်းနှင့်လင်းမြတ်မင်း ကုမ္ပဏီတို့က တာဝန်ယူတည်ဆောက်ပေးကြ မည်ဖြစ်သည်။
ပူးပေါင်းဆောင်ရွက်
ယင်းသို့စက်ရေတွင်းတူးဖော်ရာတွင် လွှတ် တော်ကိုယ်စားလှယ်များ၊ ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနတို့က ရေလိုအပ်ပြီး ရေရှားပါးသောကျေးရွာနေပြည်သူများ သောက် သုံးရေရရှိရေးအတွက် ပါဝင်ပူးပေါင်းဆောင် ရွက်ခဲ့ကြသည်။
















