ကျိုင်းတုံ၌သားသတ်စစ်ဆေးခြင်းလုပ်ငန်း အခွန်များပြောင်းလဲကောက်ခံရန် ညွှန်ကြားထား

ကျိုင်းတုံ၌သားသတ်စစ်ဆေးခြင်းလုပ်ငန်း အခွန်များပြောင်းလဲကောက်ခံရန် ညွှန်ကြားထား

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှကျိုင်းတုံမြို့မဈေးကြီးနှင့် ဈေးငယ်များရှိအသားသတ် ထုတ်လုပ်ရောင်းချနေသည့်လုပ်ငန်း ရှင်များထံမှ အသစ်ပြင်ဆင်ထားသည့် သားသတ်စစ်ဆေးခြင်းလုပ်ငန်းအခွန်များအား ပြောင်းလဲကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

ညှိနှိုင်းဆွေးနွေး

ကျိုင်းတုံမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးသည့် မြို့မဈေးခေါင်း ရုံးတာဝန်ခံနှင့်တာဝန်ရှိသူများ၊ သားသတ်လုပ်ငန်းရှင်များနှင့် အောက်တိုဘာ ၁၈ ရက်က ကျိုင်းတုံမြို့နယ်စည်ပင်သာယာရေးခန်းမတွင်တွေ့ဆုံ၍ အသစ်ပြင်ဆင်ထားသောသားသတ် လုပ်ငန်းစစ်ဆေးခများ ပြောင်းလဲကောက်ခံရေးနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး၏ ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၀ ရက်စွဲပါတိရစ္ဆာန်များကျန်းမာရေးနှင့် ဖွံ့ဖြိုးရေးဥပဒေဖြင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ထုတ်ပေးထားသည့် သားသတ်လုပ်ငန်းအတွက် ထောက်ခံချက် လက်မှတ်များကိုထုတ်ပေးရာတွင် သားသတ်စစ်ဆေးခနှုန်းထားများကို ပြင်ဆင်ကောက်ခံရန် ညွှန်ကြားထားသည်။

ပြင်ဆင်သတ်မှတ် အများပြည်သူစားသုံးရန်အတွက် သတ်ဖြတ်မည့်တိရစ္ဆာန်၏ ကျန်းမာရေးစစ်ဆေးခြင်းနှင့်အသားစစ်ဆေးခြင်းအတွက် ယခင်က ကျွဲ၊ နွားတစ်ကောင်လျှင် ၃၅ ကျပ်မှ ပြင်ဆင်ကောက်ခံသည့်နှုန်းထားတွင် ကျပ်၃၀ဝ၀သို့လည်းကောင်း၊ ဝက်တစ်ကောင်လျှင် ၁၅ ကျပ်မှ ကျပ် ၁၅၀ဝ သို့လည်းကောင်း၊ သိုး၊ ဆိတ်တစ်ကောင်လျှင် ကျပ် ၁၀ မှ ကျပ် ၁၀ဝ၀ သို့လည်းကောင်း ပြောင်းလဲကောက်ခံရန် ပြင်ဆင်သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

"ပြင်ဆင်ပြောင်းလဲသတ်မှတ်ထားတဲ့နှုန်းထားအသစ်နဲ့ ဘဏ္ဍာရေးနှစ်ရဲ့မီနီဘတ်ဂျက် မှာ ကောက်ခံမှာဖြစ်ပါတယ်။ ကျိုင်းတုံမှာတော့ လုပ်ငန်းရှင်တချို့အခက်အခဲရှိတဲ့အကြောင်း ကြားသိရလို့နားလည်အောင် ခေါ်ယူရှင်းလင်းပေးခဲ့ပါတယ်" ဟု ကျိုင်းတုံမြို့နယ် မွေးမြူ ရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာကျော်မိုးဝင်းက ပြောဆိုသည်။

ကောက်ခံရေးသဘောတူ

သားသတ်ထုတ်လုပ်ရောင်းချရေး လုပ်ငန်းရှင်များ၏ အကြံပြုဆွေးနွေးချက်တွင်သား သတ်စစ်ဆေးခအားနေ့စဉ်ကောက်ခံပေးရန်တောင်းဆိုခဲ့ကြပြီး ကျိုင်းတုံမြို့နယ် မွေးမြူရေး နှင့်ကုသရေးဦးစီးဌာနမှ နေ့စဉ်လာရောက်ကောက်ခံရန်အတွက် ဝန်ထမ်းအင်အားအခက် အခဲနှင့် တာဝန်များကြောင့် ၁၀ ရက်တစ်ကြိမ်ကောက်ခံရန် ညှိနှိုင်းသဘောတူခဲ့ကြ ကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး