ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နိုင်ပြီး မုန်တိုင်းဖြစ်ပေါ်လာမှုကို စောင့်ကြည့်ရမည်ဟု ဆို

ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နိုင်ပြီး မုန်တိုင်းဖြစ်ပေါ်လာမှုကို စောင့်ကြည့်ရမည်ဟု ဆို

ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတွင် နောက်(၂၄)နာရီအတွင်း လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်ပြီး မုန်တိုင်းဖြစ်ပေါ်လာမှုကို စောင့်ကြည့်ရမည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက အောက်တိုဘာ ၂၈ ရက်၌ ပြောသည်။

" လေဖိအားနည်းရပ်ဝန်းက လောလောဆယ်သိပ်တော့အားမကောင်းသေးဘူး။ မုန်တိုင်းဖြစ်ဖို့စောင့်ကြည့်ရမယ့် အခြေအနေပါ။ လက်ရှိအချိန်မှာ တိမ်တိုက်တွေကြောင့် နေရာတော်တော်များများမိုးရတယ်" ဟု ၎င်းကပြောသည်။ 

အောက်တိုဘာ ၂၉ ရက်တွင် ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့ ၌ နေရာအနှံ့အပြား၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းတွင် နေရာစိပ်စိပ်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။ 

မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိမည်ဖြစ်ပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၃)ပေမှ (၆)ပေခန့် ရှိနိုင်ကြောင်း လည်း ထုတ်ပြန်ထားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး