မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် 100 Plusတို့မှ ပူးပေါင်းကျင်းပမည့် MFF 100 Plus Cup States & Regions U-14 Boys ဘောလုံးပွဲတော်ကို နိုဝင်ဘာ ၃ရက်မှ ၁၇ရက်အထိ အမျိုးသားဘောလုံး အကယ်ဒမီမြက်ခင်းတုကွင်း၌ ကျင်းပမည်ဖြစ်သည်။
အဆိုပါဘောလုံးပွဲတော်ကို နေ့စဉ် နံနက်၈နာရီမှ ညနေ ၄နာရီအထိ တစ်ရက်လျှင်နှစ်ပွဲနှုန်းဖြင့် ကျင်းပမည်ဖြစ်ပြီး ဧရာဝတီ၊ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ စစ်ကိုင်း၊ တနင်္သာရီ၊ မကွေး၊ ပဲခူး၊ ချင်း၊ကချင်၊ ကယား၊ ကရင်၊မွန်၊ ရခိုင်၊ ရှမ်း(အရှေ့)၊ ရှမ်း(မြောက်)၊ရှမ်း(တောင်)စသည့် တိုင်းနှင့်ပြည်နယ်အသင်း(၁၇)သင်းတို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
ပြိုင်ပွဲဝင်အသင်းများကို အခြေခံပညာဦးစီးဌာနလက်အောက်ရှိ ကျောင်းများမှ ကျောင်းသားလူငယ်များဖြင့် ရွေးချယ်ဖွဲ့စည်းထားခြင်းဖြစ်သည်။
ပြိုင်ပွဲတွင် ပထမရရှိသည့် အသင်းအား ဆုဖလား၊ဆုတံဆိပ်နှင့် ဆုကြေးကျပ် ၁၅သိန်း၊ ဒုတိယရရှိသည့်အသင်းကို ဆုတံဆိပ်နှင့် ကျပ် ၁၀သိန်း၊ ပူးတွဲတတိယရရှိသည့်အသင်းနှစ်သင်းကို ဆုကြေးကျပ် ၅သိန်းချီမြှင့်မည်ဖြစ်သည်။















