ဆက်သွယ်ရေးဥပဒေသည် လူကြိုက်များသည့် ဆေးခါးကြီးဖြစ်လာဟု အသံအဖွဲ့ထုတ်ပြန်

ဆက်သွယ်ရေးဥပဒေသည် လူကြိုက်များသည့် ဆေးခါးကြီးဖြစ်လာဟု အသံအဖွဲ့ထုတ်ပြန်

လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် "အသံ"အဖွဲ့က ဒီမိုကရေစီ၏ လွတ်လပ်စွာထုတ် ဖော်ပြောဆိုဝေဖန်ဆန်းစစ်ချက် အစိုးရသက်တမ်း တစ်ဝက်အစီရင်ခံစာကို အောက်တိုဘာ ၁၈ ရက်က ထုတ်ပြန်ခဲ့ရာ အဆိုပါအစီရင်ခံစာ၌ ဆန်းစစ်ချက်တစ်ခုအနေဖြင့် ဆက် သွယ်ရေး ဥပဒေသည်လူကြိုက်များသည့် ဆေးခါးကြီးတစ်ခွက်ဖြစ်လာသည်ဟု ဖော်ပြ ပါရှိခဲ့သည်။

အထောက်အကူပြုဖော်ပြ

"လွန်ခဲ့တဲ့အစိုးရ နှစ်နှစ်သက်တမ်းမှာ တစ်ခါထုတ်ပါတယ်။ အဲဒီအစီရင်ခံစာထက် အခုအစီရင်ခံစာက နှစ်ဆပိုထူလာတယ်ဆိုတာ ဘယ်လောက်အထိ ဒီမိုကရေစီနဲ့ လူ့အခွင့် အရေးရဲ့ အခြေခံအုတ်မြစ်တွေထိခိုက်နေတယ်ဆိုတာကို ဖော်ပြလာနေပါတယ်။ အရင်က မသုံးခဲ့တဲ့ ဥပဒေအဟောင်းတွေ၊ အခုအသစ် ပေါ်ထွက်အတည်ပြုလာတဲ့ ဥပဒေအသစ် တွေဟာ ဖိနှိပ်ရေးကိရိယာအဖြစ် အသွင်ဆောင်လာနေတယ်။ ဒါတွေကို အစိုးရသိအောင် စုစည်း သုတေသနလုပ်ပြီး ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် တစ်ဖက်တစ်လမ်းက အထောက်အကူဖြစ်အောင် ဖော်ပြနေခြင်းဖြစ်ပါတယ်"ဟု အသံအဖွဲ့မှ သုတေသန မန်နေဂျာ ဦးရဲဝင့်ဖြိုးအောင်က အောက်တိုဘာ ၁၉ ရက်က ပြောဆိုခဲ့သည်။

သုံးသပ်ဖော်ပြထား

ယင်းအစီရင်ခံစာတွင် အရပ်သားအစိုးရ၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အပေါ် ချိုးဖောက်မှုများအဖြစ် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)ကို မပယ်ဖျက်ခြင်း၊ နိုင်ငံသား တို့၏ လွတ်လပ်မှုနှင့်လုံခြုံမှုကို အမှန်တကယ် အကာအကွယ်မပေးနိုင်သည့် ဥပဒေစသည် ဖြင့် အပိုင်း (၁)တွင် ခေါင်းစဉ် ၁၁ ခုဖြင့် သုံးသပ်ဖော်ပြထားပြီး အပိုင်း(၂)တွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အပေါ် ကန့်သတ်မှုများအား ဖော်ပြထားသည်ကို တွေ့ရှိရသည်။

လေးစားလိုက်နာသင့်

နောက်ဆုံးဖော်ပြထားသည့် အကြံပြုချက်များတွင် ဆက်သွယ်ရေးဥပဒေပုဒ်မများ ဖျက်သိမ်းရန်၊ ပြင်ဆင်ရန်၊ နိုင်ငံသားများ၏ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့်လုံခြုံမှုကို အကာ အကွယ်ပေးရေးဥပဒေပါပုဒ်မ ၈(စ)ကို လုံးဝဖျက်သိမ်းရန်၊ ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေကို ဒီမိုကရေစီနှင့်လူ့အခွင့်အရေးစံချိန်စံညွှန်းတို့နှင့် အညီ ပြန်လည်ပြင်ဆင်ရန်၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) (ခ)နှင့် ၁၂၄(က)တို့ကို ဖျက် သိမ်းရန်စသည့် အချက် ၁၁ ချက်ကို ဖော်ပြထားသည်။ အစိုးရနှင့် တပ်မတော်သို့ အကြံပြု ချက်ခုနစ်ချက်၌ နိုင်ငံပိုင်သတင်းစာများကို အချိန်ကာလတစ်ခုအတွင်း ဖျက်သိမ်းရန် ကြိုးစားသင့်ကြောင်းနှင့် တပ်မတော်အနေဖြင့် ပြည်သူတို့၏ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်နှင့် သတင်းအချက်အလက်ရယူပိုင်ခွင့်ကို လေးစားလိုက်နာသင့်ကြောင်း ဖော်ပြ ထားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး