စကားများရန်ဖြစ်ပြီး​နောက်​ အိပ်​​ပျာ်​​နေစဉ်​ ဓားဖြင်​့ထိုးသတ်​ခံရ

စကားများရန်ဖြစ်ပြီး​နောက်​ အိပ်​​ပျာ်​​နေစဉ်​ ဓားဖြင်​့ထိုးသတ်​ခံရ

 မိုးကောင်းမြို့နယ် ရှိ နေအိမ်တစ်ခုတွင်စကားများရန်​ဖြစ်​ပြီး​နောက်​ အိပ်​​ပျော်​​နေသူကို ဓားဖြင်​့ထိုးသတ်​ခဲ့သည်​ဆိုမူ  အောက်တိုဘာ၂၈ရက်​​ (ယ​နေ့)ဖြစ်​ပွားခဲ့သည်​။

ယနေ့  မွန်းလွဲ၁နာရီခန့်တွင်​ သိုက်ဝါးကုန်းကျေးရွာ ​နေ မြလင်း(၃၆)နှစ်နှင့်  အောင်သန်းဌေး(၄၈)နှစ်တို့ စကားများရန်​ဖြစ်​ပြီး​နောက် မြလင်းက ​ဓားဖြင်​့ထိုးသတ် ခဲ့ကြောင်း အိမ်ရှင်၏သတင်းပေးပို့ချက်အရသက်​ဆိုင်​ရာက သွား​ရောက်​စစ်​​ဆေးခဲ့သည်​။

အိမ်​ရှင်​ဖြစ်​သူ၏ ​ပြောပြချက်​အရ၎င်း တို့ နှစ်ဦးစကားများရန်ဖြစ်ခဲ့ပြီး​နောက်​​အောင်သန်းဌေးက နေအိမ်အပေါ်ထပ် ဘုရားခန်းရှေ့တွင် အိပ်ပျော်သွားခဲ့သည်​။

ထိုသို့အိပ်​​ပျော်​​နေစဉ်​ မြလင်းက အရိုး၊အသွား ၂၁ လက်မခန့်ရှိဓားဖြင့် လည်ပင်းကို တစ်ချက်ခုတ်ခဲ့သဖြင်​့  နေရာတွင် သေဆုံးခဲ​့ကြောင်း သိရသည်​။

ပင်းဘောနယ်မြေရဲစခန်းက (ပ)၂၄/၁၈ ရာဇသတ်​ကြီးဥပ​ဒေပုဒ်မ-၃၀၂ အရအမှုဖွင့်အရးယူထားသည်​။