နေပြည်တော်အနီးဗဟိုပြု၍ အင်အားနည်းမြေငလျင်လှုပ်

နေပြည်တော်အနီးဗဟိုပြု၍ အင်အားနည်းမြေငလျင်လှုပ်

အောက်တိုဘာ ၂၉ ရက် နံနက် ၈ နာရီကျော်က နေပြည်တော်အနီးဗဟိုပြု၍ အင်အား အနည်းငယ်မြေငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

အောက်တိုဘာ ၂၉ ရက် နံနက် ၈ နာရီ၊ မိနစ် ၅၀ ၊ ၄၇ စက္ကန့်တွင် နေပြည်တော်မြေငလျင်စခန်းမှ အနောက်-အနောက်တောင်ဘက် (၁၂)မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (နေပြည်တော်မြို့၏ အနောက်ဘက်(၉)မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် ၁၉ ဒသမ ၇၄ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒသမ ၉၆ ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၃ ဒသမ ၉ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက တိုင်းထွာရရှိခဲ့သည်။

ယခုနှစ်ဆန်းပိုင်းတွင်မြေငလျင်များဆက်တိုက်လှုပ်ခတ်ခဲ့ရာ ပြီးခဲ့သည့် ဇန်နဝါရီလတွင် အင်အားအသင့်အတင့်နှင့်အင်အားနည်းမြေငလျင် ၃၂ကြိမ်|ဖေဖော်ဝါရီလတွင် အင်အား အသင့်အတင့်နှင့်အင်အားနည်းမြေငလျင် ၁၃ကြိမ်| မတ်လတွင် အင်အားအသင့် အတင့် နှင့်အင်အားနည်းမြေငလျင် ၁၀ကြိမ်နှင့်ဧပြီလတွင်လည်း အင်အားအသင့်အတင့် နှင့်အင်အားနည်း မြေငလျင် ၁၉ ကြိမ်လှုပ်ခတ်ခဲ့သည်။

ထို့ပြင် မေလတွင် အင်အားအသင့်အတင့်နှင့် အင်အားအနည်းငယ် မြေငလျင် ကိုးကြိ်မ်၊ ဇွန်လတွင် အင်အားအတင့်အသင့်နှင့် အင်အားနည်း မြေငလျင် ၁၅ ကြိမ်၊ ဇူလိုင်လတွင် အင်အားအသင့်အတင့်နှင့် အင်အားနည်းမြေငလျင် ခုနစ်ကြိမ်လှုပ်ခတ်ခဲ့သည်။ 

အလားတူ သြဂုတ်လတွင် အင်အားအနည်းငယ်နှင့်အင်အားအသင့်အတင့် မြေငလျင် ရှစ်ကြိမ်၊ စက်တင်ဘာလတွင် အင်အားအသင့်အတင့်နှင့် အင်အားနည်း မြေငလျင်ရှစ်ကြိမ်လှုပ်ခဲ့ပြီး ယခုလတွင် ကိုး ကြိမ်လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး