နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးမြှင့်တင်ပြီး ကူဝိတ်သို့ ပြည်ပအလုပ်သမားများ ပိုမို စေလွှတ်နိုင်ရေးအတွက် လာအိုအစိုးရကမျှော်လင့်နေကြောင်း သိရသည်။
ကူဝိတ်လူမှုရေး နှင့်အလုပ်သမားဝန်ကြီးဌာန၊ စီးပွားရေးရာဝန်ကြီးဌာနဝန်ကြီး ဆူဘိတ်ဘာရက်အယ်လ် ဆူဘီယာနှင့် လာအိုအလုပ်သမားနှင့်လူမှုရေးဝန်ကြီး ခမ်ဖုန်ဆေဆွမ်ဖုန်တို့ ဗီယန်ကျင်း၌ တွေ့ဆုံရာတွင် ပြောခြင်းဖြစ်သည်။
ယခုတွေ့ဆုံမှုတွင် ယခင်နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများအား ပြန်လည်သုံးသပ်ပြီး အနာဂတ်အလုပ်သမားကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး ပိုမိုမြှင့်တင်ရန် ဆွေးနွေးကြသည်။ လာအိုလုပ်သားများ ကူဝိတ်သို့ပို့ရေးအတွက် ၂၀ဝ၉ ကတည်းက သဘောတူညီချက်လက်မှတ်ထိုးပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးမြှင့်တင် ခဲ့သည်။
ထိုသဘောတူချက်အရ တစ်နှစ်လျှင် လာအိုလုပ်သား ၁၀ဝ၀ ကျော် ကူဝိတ်သို့ ပို့ဆောင်ပြီး ကဏ္ဍအမျိုးမျိုးတွင် လုပ်ကိုင်ရေးအတွက်ဆောင်ရွက်ခဲ့သည်။ သို့သော်လည်း လာအိုအလုပ်သမားနှင့်လူမှုရေးဝန်ကြီး ခမ်ဖုန်ဆေဆွမ်ဖုန်လက်အောက်ရှိ အလုပ်သမား ဌာနညွှန်မှူး ယန်လူဇေကပြောရာတွင် ကူဝိတ်ဘက်က အနိမ့်ဆုံးလုပ်ခလစာ ဒေါ်လာ ၂၀ဝ သာပေးခြင်း၊ ယဉ်ကျေးမှုနှင့်ဘာသာစကား အဟန့်အတားရှိခြင်းတို့ကြောင့် ထင် သလောက်ခရီးမပေါက်ခဲ့ကြောင်း ဆိုသည်။
ဝန်ကြီးခမ်ဖုန်ကပြောရာတွင် မိမိဌာနအနေဖြင့် လာအိုလုပ်သားများ ထိုင်း၌အလုပ်လုပ်ရာတွင် အဆင်ပြေအောင်စီမံနိုင်ခဲ့ကြောင်း၊ တောင်ကိုရီးယားသို့လည်း နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးမြှင့်တင်ပြီး ကျွမ်းကျင်လုပ်သား များပို့နိုင်ခဲ့ကြောင်း၊တောင်ကိုရီးယားက လာအိုလုပ်သားများအား အနိမ့်ဆုံးလစာဒေါ်လာ ၁,၄၀ဝ မှစပေးကြောင်းဆိုသည်။ ဝန်ကြီးဌာနစာရင်းအရ ၂၀၁၇ စက်တင်ဘာတွင်ကုန်ဆုံး သည့်ဘတ်ဂျက်နှစ်တွင် လာအိုရွှေ့ပြောင်းလုပ်သား ၅၀၇၁၂ ဦး ပြည်ပထွက်အလုပ်လုပ် နေပြီး ၂၇၁၇၆ ဦးမှာ အမျုးိသမီးများဖြစ်ကြောင်း သိရသည်။
















