မြန်မာ-ထိုင်းချစ်ကြည်ရေးတံတား(၁) တာချီလိတ်ဘက်အခြမ်းတွင် ယာဉ်ကြောပိတ်ဆို့မှု နေ့စဉ်ဖြစ်ပေါ်လျက်ရှိ

မြန်မာ-ထိုင်းချစ်ကြည်ရေးတံတား(၁) တာချီလိတ်ဘက်အခြမ်းတွင် ယာဉ်ကြောပိတ်ဆို့မှု နေ့စဉ်ဖြစ်ပေါ်လျက်ရှိ

မြန်မာ--ထိုင်းချစ်ကြည်ရေးတံတား(၁)၏တာချီလိတ်ဘက်အခြမ်း တာချီလိတ်-မယ်ဆိုင် သွားလမ်းတံတားအလယ်တွင် ယာဉ်လမ်းကြောင်း ပြောင်းလဲမှုနှင့်အတူ တာချီလိတ်ဘက်ခြမ်း၌ ယာဉ်အသွားအလာစစ်ဆေးမှုမရှိသော်လည်း မယ်ဆိုင်ဘက်ခြမ်း၌ ယာဉ်အသွားအလာ စနစ် တကျစစ်ဆေးနေမှုများကြောင့် တံတားပေါ်တွင် ယာဉ်အသွားအလာကြန့်ကြာပြီး နေ့စဉ်ပိတ်ဆို့မှု များဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

စနစ်မတူညီ

"ဒီတံတားက မြန်မာ-ထိုင်းနယ်စပ်ဒေသကို ဖြတ်သန်းသွားလာတဲ့နေရာမှာ အဓိကအားထား အသုံးပြုနေရတဲ့ တံတားဖြစ်ပါတယ်။ တံတားမှာ ဖြတ်သန်းသွားလာနေတဲ့နှစ်နိုင်ငံက မော်တော် ယာဉ်တွေအကုန်လုံး ယာဉ်ကြောပိတ်ဆို့မှုအခက် အခဲတွေ ကြုံတွေ့နေရပါတယ်။ ဒီလိုဖြစ်နေရတဲ့ အကြောင်းရင်းကတော့ နေ့စဉ်သွားလာနေတဲ့ယာဉ် စီးရေများတဲ့အတွက်ကြောင့်လို့ ထင်ပါတယ်။ နောက်ပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းမလိုက် နာမှုတွေကြောင့်လည်း ဒီလိုတွေဖြစ်နေတာပါ။ နောက်တစ်ခုက နှစ်နိုင်ငံယာဉ်လမ်းကြောင်း စနစ်မတူညီတာတွေကြောင့်လည်း ပါဝင်ပါတယ်" ဟု တာချီလိတ်မြို့နေ ယာဉ်မောင်း ဦးစိုင်းအေးက သုံးသပ်ပြောဆိုသည်။

ယင်းကဲ့သို့ ယာဉ်ကြောပိတ်ဆို့မှုကြောင့် တာချီလိတ်ဘက်ရှိ တံတားထိပ်ဝန်းကျင်ဖြစ်သည့် အဝိုင်းပတ်နှင့် ပုန်းထွန်ရပ်ကွက်ဘက်မှလာသည့် ယာဉ်များသည်လည်း ယာဉ်ကြောပိတ်ဆို့မှုများနှင့် ကြုံတွေ့ရလျက်ရှိသည်။

အဆိုပါယာဉ်ကြောပိတ်ဆို့မှုများအား ဖြေရှင်း နိုင်ရန်အတွက် ထိုင်းဘက်မှတာဝန်ရှိသူများက မြန်မာ - ထိုင်းချစ်ကြည်ရေးအမှတ်(၂) တံတားအား တံတား(၁)နည်းတူအသုံးပြုရန်အတွက် မြန်မာ ဘက်မှခွင့်ပြုမည်ဆိုပါက အဆင်သင့်ဖြစ်နေ ကြောင်းကို အစည်းအဝေးတွင် တင်ပြဆွေးနွေး ထားသည်။

လက်ရှိတွင် တာချီလိတ်နှင့်မယ်ဆိုင်အကြား ချစ်ကြည်ရေးတံတား(၁)ကို လူအဝင်အထွက် အတွက်အသုံးပြုနေပြီး ချစ်ကြည်ရေးတံတား(၂)ကို ကုန်စည်သယ်ယူပို့ဆောင်ရေးအတွက် အသုံး ပြုထားခြင်းဖြစ်သော်လည်း ချစ်ကြည်ရေးတံတား(၁)မှတစ်ဆင့် ပြည်သူများသည် ကျန်းမာရေး၊ စီးပွား ရေး၊ လူမှုရေးကိစ္စများဖြင့် မယ်ဆိုင်ဘက်သို့သွား ရောက်ရာတွင် တံတားပေါ်၌ ယာဉ်ကြောပိတ် ဆို့မှုများကြောင့် အချိန်ကြန့်ကြာမှုများနှင့် ကြုံတွေ့နေရဆဲဖြစ်ကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး